HMD Global ကနေ Nokia စမတ်ဖုန်းတွေကို Android One Program နဲ့အတူထုတ်လုပ်နေတဲ့နောက်ပိုင်းမှာ အားရဖို့အကောင်းဆုံးကတော့ Software Update ပိုင်းမှာ သိသိသာသာကို မြန်ဆန်လာတာဖြစ်ပါတယ်။ အခုလည်း HMD Global ကနေ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 4.2 အတွက် Android 10 Update ကို ထပ်မံထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Nokia 4.2 အတွက် Android 10 Update ဟာ သီးသန့် Feature အသစ်တွေတော့ ပါဝင်လာမှာမဟုတ်ဘဲ Android 10 မှာပါဝင်တဲ့ Feature တွေဖြစ်တဲ့ Gesture Navigation အသစ်၊ Smart Reply ၊ Location နဲ့ Privacy Control Update ၊ Family Link နဲ့ Focus လိုမျိုး Feature တွေပဲပါဝင်လာမှာဖြစ်ပါတယ်။

HMD Global ကနေ အဆိုပါ Nokia 4.2 အတွက် Android 10 Update ကို ပထမအသုတ်အနေနဲ့ နိုင်ငံပေါင်း ၄၃ နိုင်ငံမှာစတင်ထုတ်ပေးသွားမှာဖြစ်ပြီး လာမယ့် ဧပြီလ ၁၄ ရက်နေ့မတိုင်ခင် အကုန်လုံးအတွက် Update ရရှိအောင် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ဘာပဲပြောပြော အခု Nokia 4.2 ဟာ Nokia စမတ်ဖုန်းတွေထဲမှာ ၁၀ လုံးမြောက် Android 10 Update ရရှိလာတဲ့စမတ်ဖုန်းလည်းဖြစ်ပါတယ်။

Ref – GSM Arena