Unicode

Nokia ကို HMD Global ကနေ ပြောင်းလဲရယူပြီးနောက်ပိုင်းမှာ Flagship ဖုန်းတွေထက် Mid Range ဖုန်းတွေနဲ့ Low End Entry ဖုန်းတွေဟာ ပိုပြီးအောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း Nokia ကနေ အနိမ့်ဆုံး Android Go OS နဲ့ ဒေါ်လာ ၁၀၀ ဝန်းကျင် စမတ်ဖုန်းတွေအပြင် သူ့ထက်စျေးပိုသက်သာတဲ့ KaiOS နဲ့ Keypad Feature ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။

Nokia ကနေ ဒီ KaiOS နဲ့ ထုတ်လုပ်နေတဲ့ Feature Phone တွေဖြစ်တဲ့ Nokia 8110 နဲ့ Nokia 220 လိုမျိုး ဖုန်းတွေဆိုရင် 4G Support ပါရရှိတဲ့အပြင် စျေးနှုန်းအရလည်း သက်သာတဲ့အတွက် လူကြိုက်များတဲ့ဖုန်းတွေဖြစ်နေပါတယ်။ ဒါပေမယ့် Nokia ကနေ ဒီ KaiOS အစား Android OS နဲ့ Feature Phone အသစ်ကို မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။

Nokia ကနေ မိတ်ဆက်လာမယ့် Android OS အသုံးပြု Feature Phone ကတော့ Nokia 400 4G ဖြစ်လာမှာဖြစ်ပြီး Model Number အနေနဲ့ TA-1208 လို့ သတ်မှတ်ထားပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Wi-Fi Alliance ရဲ့ Certification ကိုလည်း ရရှိပြီးဖြစ်တဲ့အပြင် အလုပ်လုပ်ပုံ Video တစ်ခုပါ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ Video အရတော့ Application တွေရဲ့ ပုံစံဟာ လက်ရှိ Android စမတ်ဖုန်းတွေနဲ့ ဆင်တူပြီးတော့ Google Maps ၊ Google Assistant လိုမျိုး Feature တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ Wi-Fi Alliance ရဲ့ Certification အရ Operating System ကို GAFP လို့ သုံးစွဲထားတဲ့အတွက် “Google Android for Feature Phones” သို့မဟုတ် “Google Apps for Feature Phones” ဆိုပြီး မိတ်ဆက်လာနိုင်ပါတယ်။

ယခု Nokia 400 4G Feature Keypad ဖုန်းကို လာမယ့် MWC 2020 မှာ တခြားသော Nokia စမတ်ဖုန်းတွေဖြစ်တဲ့ Nokia 5.2 ၊ Nokia 1.3 တွေနဲ့အတူ မိတ်ဆက်သွားဖွယ်ရှိနေပြီးတော့ အဲ့ဒီအချိန်ကြမှ ဒီ Feature Phone တွေအတွက် Android OS က လက်ရှိ KaiOS ထက် ဘာတွေပိုကောင်းမလဲဆိုတာကို သိရမှာဖြစ်ပါတယ်။

Ref – XDA Developers

Zawgyi

Nokia ကို HMD Global ကေန ေျပာင္းလဲရယူၿပီးေနာက္ပိုင္းမွာ Flagship ဖုန္းေတြထက္ Mid Range ဖုန္းေတြနဲ႔ Low End Entry ဖုန္းေတြဟာ ပိုၿပီးေအာင္ျမင္လာတယ္လို႔ ေျပာလို႔ရပါတယ္။ လက္႐ွိအခ်ိန္မွာဆိုရင္လည္း Nokia ကေန အနိမ့္ဆုံး Android Go OS နဲ႔ ေဒၚလာ ၁၀၀ ဝန္းက်င္ စမတ္ဖုန္းေတြအျပင္ သူ႕ထက္ေစ်းပိုသက္သာတဲ့ KaiOS နဲ႔ Keypad Feature ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ပါတယ္။

Nokia ကေန ဒီ KaiOS နဲ႔ ထုတ္လုပ္ေနတဲ့ Feature Phone ေတြျဖစ္တဲ့ Nokia 8110 နဲ႔ Nokia 220 လိုမ်ိဳး ဖုန္းေတြဆိုရင္ 4G Support ပါရရွိတဲ့အျပင္ ေစ်းႏႈန္းအရလည္း သက္သာတဲ့အတြက္ လူႀကိဳက္မ်ားတဲ့ဖုန္းေတြျဖစ္ေနပါတယ္။ ဒါေပမယ့္ Nokia ကေန ဒီ KaiOS အစား Android OS နဲ႔ Feature Phone အသစ္ကို မိတ္ဆက္လာေတာ့မယ့္ပုံစံပါပဲ။

Nokia ကေန မိတ္ဆက္လာမယ့္ Android OS အသုံးျပဳ Feature Phone ကေတာ့ Nokia 400 4G ျဖစ္လာမွာျဖစ္ၿပီး Model Number အေနနဲ႔ TA-1208 လို႔ သတ္မွတ္ထားပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ Wi-Fi Alliance ရဲ႕ Certification ကိုလည္း ရ႐ွိၿပီးျဖစ္တဲ့အျပင္ အလုပ္လုပ္ပုံ Video တစ္ခုပါ ထြက္ေပၚလာခဲ့ပါတယ္။

အဆိုပါ Video အရေတာ့ Application ေတြရဲ႕ ပုံစံဟာ လက္ရွိ Android စမတ္ဖုန္းေတြနဲ႔ ဆင္တူၿပီးေတာ့ Google Maps ၊ Google Assistant လိုမ်ိဳး Feature ေတြလည္း ပါဝင္လာမွာျဖစ္ပါတယ္။ Wi-Fi Alliance ရဲ႕ Certification အရ Operating System ကို GAFP လို႔ သုံးစြဲထားတဲ့အတြက္ “Google Android for Feature Phones” သို႔မဟုတ္ “Google Apps for Feature Phones” ဆိုၿပီး မိတ္ဆက္လာႏိုင္ပါတယ္။

ယခု Nokia 400 4G Feature Keypad ဖုန္းကို လာမယ့္ MWC 2020 မွာ တျခားေသာ Nokia စမတ္ဖုန္းေတြျဖစ္တဲ့ Nokia 5.2 ၊ Nokia 1.3 ေတြနဲ႔အတူ မိတ္ဆက္သြားဖြယ္ရွိေနၿပီးေတာ့ အဲ့ဒီအခ်ိန္ၾကမွ ဒီ Feature Phone ေတြအတြက္ Android OS က လက္ရွိ KaiOS ထက္ ဘာေတြပိုေကာင္းမလဲဆိုတာကို သိရမွာျဖစ္ပါတယ္။

Ref – XDA Developers