Nokia Captain America ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့လက ထွက်လာခဲ့ပြီး အဲဒီ ဖုန်းဟာ Nokia 5.3 ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Nokia 5.3 မှာ Snapdragon 665 SoC မောင်းနှင်ထားပြီး 8MP အစား 2MP ( Macro နဲ့ Depth) ကင်မရာ ၂ လုံး ပါလာမယ်လို့ သတင်းထွက်လာပါတယ်။  အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာ မဟုတ်ဘဲ Charcoal နဲ့ Cyan အပြင် Sand Color ကိုလည်း ထုတ်လုပ်ထားနိုင်ပါတယ်။

HMD က မတ်လ ၁၉ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပမှာ ဖြစ်ပြီး Nokia 5.3 ကို ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက Nokia 5.3 ရဲ့ အကြောင်း ဘာမှ မပြောသေးပါဘူး။ အဲဒီ ဖုန်းမှာ ၆.၅၅ လက်မ 18.5:9 မျက်နှာပြင်၊ 6GB RAM နဲ့ 64GB Storage တွေထည့်သွင်းထားမယ်လို့ သတင်းထွက်နေပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

Nokia 5.3 မှာ စုစုပေါင်း ကင်မရာ ၅ လုံးပါလာနိုင်ပြီး 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 16MP , 5MP , 2MP နဲ့ 2MP ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို တရားဝင်သိလာရတော့မှာပါ။

Ref : gsmarena