HMD Global ဟာ ဥရောပစျေးကွက်မှာ မိတ်ဆက်ခဲ့ပြီးသား Nokia 5.3 ဟန်းဆက်ကို အာရှစျေးကွက်သို့ ယူဆောင်လာမှာ ဖြစ်ပြီး အခုလအတွင်း အိန္ဒိယစျေးကွက်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပါတယ်။ ယနေ့မှာတော့ Nokia 5.3 အတွက် Support Page တစ်ခု တက်လာခဲ့ပြီး ဖုန်းရဲ့ Specs တွေကို ဖော်ပြလာပါတယ်။

Nokia 5.3 စမတ်ဖုန်းဟာ ကိုယ်ထည်အချိုး 164.3 x 76.6 x 8.5mm နဲ့ အလေးချိန် 180g သာ ရှိပါတယ်။ Display က 6.55” LCD ဖြစ်ပြီး Waterdrop Notch ပါဝင်ပါတယ်။ Aspect Ratio 20:9 ရှိပြီး HD+ Resolution နဲ့ပါ။ အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို 4/6 GB RAM နဲ့ တွဲဖက်ထားပြီး Storage ပမာဏ 64GB ပါဝင်တယ်။ Android 10 OS အသုံးပြုထားတဲ့အပြင် Software Update ကိုလည်း နောက်ထပ် နှစ်နှစ်ထိ ဆက်ပေးသွားဖို့ ကတိပေးထားပါတယ်။

Nokia 5.3 ရဲ့ ဘက္ထရီက 4,000 mAh ဖြစ်ပြီး 5V/2A Charger နဲ့ ဖြစ်ပါတယ်။ ရှေ့မှာ 8MP ဆဲလ်ဖီးကင်မရာတစ်လုံး ပါဝင်ပြီး နောက်ဘက်မှာ 13MP + 5MP Ultrawide + 2MP Macro + 2MP Depth Sensor ပါဝင်တဲ့ ကင်မရာလေးလုံးကို LED Flash တစ်ခုအား ဝန်းရံထားတဲ့ စက်ဝိုင်းပုံသဏ္ဍာန် Island တစ်ခုနဲ့ ထည့်သွင်းထားပါတယ်။

Fingerprint Reader ကိုလည်း နောက်ဘက်မှာပဲ နေရာချထားပြီး Dual-SIM, Bluetooth 4.2, NFC, 3.5mm Audio Jack စတာတွေ ပါဝင်ပါတယ်။ အိန္ဒိယစျေးကွက်အတွက် စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် ဥရောပမှာတော့ ယူရို ၁၈၉ (မြန်မာငွေ သုံးသိန်းဝန်းကျင်) နဲ့ မိတ်ဆက်ခဲ့တာကြောင့် ဒီထက် နည်းနည်းပိုနည်းတဲ့ စျေးနှုန်းနဲ့ ထွက်လာနိုင်ပါတယ်။

Ref – GizmoChina