HMD Global ကနေ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ London မှာ Nokia ဖုန်းသစ်တွေကိုမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း အဆိုပါ အသစ်မိတ်ဆက်သွားမယ့်ဖုန်းသစ်တွေထဲက Nokia 5.3 ရဲ့ သတင်းတွေပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Nokia 5.3 ဖုန်းဟာ ယခင်ကသတင်းထွက်ထားခဲ့တဲ့ Nokia 5.2 ဖုန်းပဲဖြစ်ပြီး HMD Global အနေနဲ့ Marketing အရ နာမည်ကိုပြောင်းလဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၈၀ ဝန်းကျင်နဲ့ပဲ ရောင်းချသွားမှာဖြစ်တဲ့အတွက် စျေးသက်သာတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာဖို့များနေပါတယ်။

Nokia 5.3 က 6.6″ Waterdrop Notch နဲ့ Display ကိုအသုံးပြုလာမှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 8MP ပါဝင်လာမှာဖြစ်ပါတယ်။ Back Camera Setup အနေနဲ့ကတော့ Quad Camera Setup တပ်ဆင်ထားမှာဖြစ်ပြီးတော့ 16MP Primary Sensor ၊ 8 MP Sensor ၂ ခုနဲ့ 5MP Depth Sensor တွေပါဝင်မှာပါ။

Nokia 5.3 ဟာ အစောပိုင်းတုန်းက Snapdragon 632 Processor ကိုပဲ အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်အခုအချိန်မှာတော့ Snapdragon 665 ကို ပြောင်းလဲအသုံးပြုလာဖို့များနေပါတယ်။ RAM အနေနဲ့ကတော့ 3GB နဲ့ 64GB Storage အနိမ့်ဆုံးအနေနဲ့ပါဝင်လာမှာပါ။

Battery အနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging ကိုလည်း Support ပြုလုပ်လာဖို့များနေပါတယ်။ ဘာပဲဖြစ်ဖြစ် Nokia အမှတ်တံဆိပ်နဲ့ Mid Range ဖုန်းကောင်းကောင်းရှာနေတဲ့သူတွေအတွက် Nokia 5.3 ဖုန်းက ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – Phone Arena