Nokia က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း နယ်ပယ်မှာ အပြိုင်ကြဲဖို့ ကြိုးစားနေပါတယ်။ အခုလည်း Nokia 5.4 ကို ကြေညာလိုက်ပြီး Snapdragon 662 Chipset မောင်းနှင်ထားပါတယ်။ အနောက် ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး ဘက်ထရီကလည်း 4,000mAh ဆိုတော့ မဆိုးပါဘူး။ Nokia 5.4 မှာ ၆.၃၉ လက်မ IPS LCD HD+ မျက်နှာပြင်  ထည့်သွင်းထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Nokia 5.4 announced - Snapdragon 662 for €189

အနောက်ဘက်မှာ ကင်မရာတွေကို စက်ဝိုင်းပုံထဲ ထည့်သွင်းထားပြီး 48MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Snapdragon 662 Chipset နဲ့အတူ 4GB RAM ပါလာပြီး Storage ကတော့ 64GB နဲ့ 128GB ၂ မျိုး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ microSD Card စိုက်နိုင်တော့ ဒေတာတွေ ရှယ်သိမ်းနိုင်ပါတယ်။ Android 10 မောင်းနှင်ထားပြီး Android 11 လည်း ရမယ်လို့ သိရပါတယ်။ 4,000mAh ဘက်ထရီကို USB-C Port ကနေ 10W Speed နဲ့ အားသွင်းရမှာပါ။

Nokia 5.4 အတွက် ခရမ်းနဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ၁၈၉ ယူရိုနဲ့ ဥရောပမှာ ရောင်းမှာပါ။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၁ သောင်းလောက် ကျသင့်ပြီး အိန္ဒိယ၊ အမေရိက၊ အရှေ့ အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှမှာ နောက်ပိုင်း ရောင်းပေးမှာပါ။

Ref : gsmarena