Nokia 5.4 စမတ်ဖုန်းကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် FCC မှာ တွေ့လာရပြီ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ ပုံကြမ်း ဓါတ်ပုံနဲ့ သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။ Nokia 5.4 ရဲ့ ဒီဇိုင်းဟာ Nokia 3.4 နဲ့ တူညီပြီး အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ ပါလာပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Nokia စမတ်ဖုန်း ၂ လုံးကို ဖော်ပြထားပြီး ၁ လုံးရဲ့ မော်ဒယ် နံပါတ်က TA-1340 နဲ့ နောက် ၁ လုံးရဲ့ မော်ဒယ်နံပါတ်က TA-1333 ဖြစ်ပါတယ်။ အဲဒီ ၂ လုံးဟာ Nokia 5.4 ရဲ့ မော်ဒယ် ၂ မျိုး ဖြစ်နိုင်ပြီး အနောက်က ၁ လုံးမှာ 5GHz WiFi ဆက်သွယ်မှု မပါတဲ့အတွက် ဈေးချိုတဲ့ မော်ဒယ် ဖြစ်နိုင်ပါတယ်။ ဘက်ထရီ ပမာဏတွေက သိပ်မကွာခြားဘဲ 4,000mAh နဲ့ 4,080mAh တွေ အသီးသီး ထည့်သွင်းထားပါတယ်။

ပုံကြမ်း ဓါတ်ပုံမှာ စမတ်ဖုန်း ဒီဇိုင်းကို အသေးစိတ် မပြသထားပေမယ့် အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့အရှေ့ဘက် အထက် အလယ်မှာ Punch Hole ကင်မရာ ၁ လုံး  ထည့်သွင်းထားပါတယ်။ Google Assistant Button ၁ ခု တပ်ဆင်ထားပါတယ်။

Nokia 5.4 ကို FCC မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် တရားဝင် ကြေညာဖို့ နီးစပ်နေပြီလို့ ထင်ရပါတယ်။

Ref : gsmarena