မကြာခင်က Geekbench စာရင်းအရ Android 12 Operating System ထည့်သွင်းစမ်းသပ်နေတဲ့ Nokia ရဲ့ Device တွေထဲမှာ Nokia 5.4 ပါဝင်ပါတယ်။ အရင်က Geekbench မှာ Android 12 OS ထည့်သွင်းထားတဲ့ Nokia 2.4 , Nokia 3.4 နဲ့ Nokia G10 တို့ကို တွေ့ခဲ့ရပြီးပါပြီ။ Nokia 5.4 အပြင် Geekbench မှာ အရင်က တွေ့ခဲ့တဲ့ Nokia စမတ်ဖုန်းတွေက Nokia X10 နဲ့ Nokia G50 တို့ဖြစ်ပြီး နောက်ပိုင်းမှာ Android 12 Update ရရှိခဲ့ကြပါတယ်။

Nokia 5.4

Nokia ဟာ လက်ရှိ ရောင်းချထားတဲ့ စမတ်ဖုန်းများစွာကို Google ရဲ့ နောက်ဆုံးထုတ် Android OS ထည့်သွင်းပေးဖို့ ကြိုးစားနေတာ သေချာပါတယ်။ Android 12 OS ထည့်သွင်း စမ်းသပ်နေတဲ့ Nokia ရဲ့ ထုတ်ကုန်များစွာ ရှိပါတယ်။ Android 12 Suite မှာ User Interface အပိုင်း များစွာပြောင်းလဲထားပြီး System စွမ်းဆောင်ရည် ပိုကောင်းစေတဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။

A new leak asserts an imminent launch for the Nokia 5.4 - NotebookCheck.net  News

Geekbench ရဲ့ စာရင်းအရ Nokia 5.4 ဟာ Single-core Test မှာ ၃၀၉ မှတ်နဲ့ Multi-core Test မှာ ၁,၃၃၁ မှတ်ရထားပါတယ်။ Android 12 အကြောင်းပြောရရင် UI, Color, Shape, Light အပါအဝင် ဒီဇိုင်းအပိုင်းမှာ အများကြီး ပြောင်းလဲထားပါတယ်။

Android 12 မှာ သုံးစွဲသူရဲ့ အမူအကျင့်တွေကို လေ့လာမှတ်သားထားပြီး အသုံးပြုလာတာကြာလာတာနဲ့အမျှ အတွေ့အကြုံ ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ Material You လို့ခေါ်တဲ့ တူညီတဲ့ ဒီဇိုင်း ဘာသာစကားကို Software နဲ့ Hardware အတွက် ထည့်သွင်းပေးထားပြီး Motion နဲ့ Animation တွေ ပိုမိုချောမွတ်လာပါတယ်။ System UI တွေကို ဒီဇိုင်း ဆန်းသစ်ထားပြီး လုံခြုံရေး ပိုကောင်းလာပါတယ်။

Ref : gizmochina