HMD Global ကနေ Mid Range စမတ်ဖုန်းဖြစ်တဲ့ Nokia 5.3 ကို ပြီးခဲ့တဲ့မတ်လတုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ Generation အသစ်ဖြစ်တဲ့ Nokia 5.4 ကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Nokiapoweruser ကနေ ဖော်ပြခဲ့တာဖြစ်ပြီး HMD Global ကနေ Nokia 5.4 စမတ်ဖုန်းကို ထင်ထားတာထက် စောပြီးမိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Nokia 5.4 မှာ ပြောင်းလဲလာမယ့် အချက်အလက်တချို့ကိုလည်း ဖော်ပြခဲ့ပါသေးတယ်။

အရင်ဆုံး Nokia 5.4 စမတ်ဖုန်းဟာ Display Size အနေနဲ့ 6.4″ ဝန်းကျင်ရှိမှာဖြစ်ပြီး Waterdrop Notch အစား Punch-hole Selfie Camera ပါဝင်တဲ့ Display အမျိုးအစားကို ပြောင်းလဲထားတယ်လို့ သိရပါတယ်။ Performance ပိုင်းမှာလည်း စွမ်းဆောင်ရည်ပိုကောင်းတဲ့ Chipset ကို Upgrade ပြုလုပ်ထားတယ်လို့ပြောထားပြီးတော့ ဘယ် Chipset လဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ RAM 4GB ကိုမှ 64GB နဲ့ 128GB Storage ၂ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး Blue နဲ့ Purple အရောင်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Camera ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ Nokia 5.3 ဖုန်းလိုမျိုးပဲ Quad Camera Setup ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

HMD Global ဟာ အဆိုပါ Nokia 5.4 စမတ်ဖုန်းအသစ်ကို လာမယ့်နှစ်မကုန်ခင်မှာ Nokia 7.3 5G စမတ်ဖုန်းအတူမိတ်ဆက်သွားဖို့များနေပါတယ်။

Ref – GSM Arena