HMD က Classic Nokia ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Nokia 5310 XpressMusic လို့ နာမည်ပေးထားပါတယ်။ Series 30+ Feature ဖုန်းကို ၂၀၂၀ ခုနှစ်မှာ ပြန်လည် အသက်သွင်းလိုက်တာ ဖြစ်ပြီး အဖြူ၊ အနက် နဲ့ အဖြူ၊ အနီ ၂ ရောင်စပ်တွေ ဖန်တီးထားပါတယ်။ Music Player ကို ထိန်းချုပ်ဖို့အတွက် ဘေးဘက်မှာ ခလုတ်တွေ ပါလာပါတယ်။

အနောက်ဘက်မှာ VGA ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ ၂.၄ လက်မ QVGA မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်မှာ Alphanumeric Keypad  တပ်ဆင်ထားပါတယ်။ ထောင့်ဖြတ်အရွယ်အစားက ၀.၃ လက်မ ဖြစ်ပြီး အရင်ခေတ်က Nokia 5310 XpressMusic ထက် ပိုကြီးလာပါတယ်။ မျက်နှာပြင် အရည်အသွေးကတော့ တူညီပါတယ်။

Nokia 5310 အသစ်မှာ 16MB Internal Storage တပ်ဆင်ထားပြီး 32GB အထိဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ အဓိက စွဲဆောင်မှုက MP3 Player နဲ့ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာတွေ ဖြစ်ပါတယ်။ 3.5mm Audio Jack နဲ့ Bluetooth 3.9 တွေ ပါလာပြီး FM Radio လည်း သုံးနိုင်ပါတယ်။

1,200mAh ဘက်ထရီ တပ်ဆင်ထားပြီး အားအပြည့်သွင်းထားရင်  ၇ နာရီခွဲလောက် ဖုန်း ပြောနိုင်ပါတယ်။ Dual Band 2G ထောက်ပံ့ထားပြီး 2G ကွန်ရက် မသုံးတော့တဲ့ နိုင်ငံတွေမှာ သုံးလို့ မရပါဘူး။ မတ်လမှာ ၃၉ ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၆ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena