Nokia စမတ်ဖုန်းတွေဟာ HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်းမှာ Android One OS ကို အသုံးပြုလာတဲ့အပြင် Software Update မှာလည်း တခြားသောစမတ်ဖုန်းတွေထက် ပိုမြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။ အခုလည်း HMD Global ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 6.2 အတွက် Android 10 Update ကို ထုတ်ပေးလိုက်ပြန်ပါပြီ။

အခု Nokia 6.2 အတွက် Android 10 Update ဟာ System-wide Dark Mode ၊ Navigation Gesture အသစ်တွေ၊ Redesign ပြုလုပ်ထားတဲ့ UI အသစ်အပြင် Privacy ပိုင်းမှာလည်း Feature အသစ်အများအပြားထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Mid Range ဖုန်းတစ်လုံးအတွက်လည်း Android Update အချိန်မှန်ရရှိတာက ဝမ်းသာစရာပါ။

လောလောဆယ်မှာတော့ Nokia 6.2 စမတ်ဖုန်းအတွက် Android 10 Update ဟာ စစခြင်းအနေနဲ့ နိုင်ငံ ၄၃ နိုင်ငံမှာပဲ Download ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံနဲ့ Region တွေအတွက်ကတော့ လာမယ့်ရက်သတ္တပတ်ပိုင်းမှာ စတင်ပြီး Update ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Nokia 6.2 စမတ်ဖုန်းဟာ 6.3″ FHD+ Display ၊ Qualcomm Snapdragon 636 Processor နဲ့ 16MP Triple Camera Setup ပါဝင်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပြီး ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချနေတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပါတယ်။

Ref – GSM Arena