Nokia 6.3 , 7.3 နဲ့ 9.3 PureView ကို ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကြေညာမယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရက်စ်ကြောင့် အဲဒီ စမတ်ဖုန်း ၃ လုံး မိတ်ဆက်ပွဲကို နောက်ဆုတ်မယ်လို့  သတင်းထွက်လာပါတယ်။

HMD က ဒီနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာ အဲဒီ စမတ်ဖုန်း ၃ လုံးကို ကြေညာဖို့ အကြောင်းအရင်းတွေ ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှု အခြေအနေအပေါ်မူတည်ပြီး မိတ်ဆက်ပွဲကို ပြုလုပ်နိုင်ပါတယ်။ ဒါဟာ Nokia Fans တွေအတွက် ဝမ်းနည်းစရာ သတင်းပါ။

Nokia 7.3 ဟာ ဈေးချိုတဲ့ 5G စမတ်ဖုန်း ဖြစ်နိုင်ပြီး 6.3 ဟာ Snapdragon 670 or 675 Chipset နဲ့ အနောက်ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် Snapdragon 730 Chipset မောင်းနှင်ထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ Nokia 9.3 PureView ဟာ 120Hz Refresh Rate နဲ့ 108MP ZEISS ကင်မရာ ပါတဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena