HMD Global က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Snapdragon 636 SoC ပါတဲ့ Nokia 6.2 ကို ကြေညာခဲ့ပြီး အခုတော့ Nokia 6.3 မှာ Snapdragon 670 or 675 SoC ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အနောက်ဘက်မှာ ZEISS ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ Nokia 6.2 မှာ ZEISS ကင်မရာတွေကို မသုံးထားဘဲ အနောက်ဘက်မှာ 16MP Main , 8MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

ဒါ့အပြင် Nokia 6.3 မှာ PureDisplay ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ Nokia 6.3 ရဲ့ အခြေခံ မော်ဒယ်မှာ 3GB RAM , 64GB Storage ပါလာမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ၂၄၉ ယူရိုနဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ကျသင့်နိုင်ပြီး ၂၀၂၀ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ ကြေညာနိုင်ပါတယ်။

Nokia 6.3 နဲ့အတူ Nokia 7.3 နဲ့ Nokia 9.3 PureView 5G ကိုပါ အဲဒီ ပွဲမှာ မိတ်ဆက်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကြောင့် စမတ်ဖုန်း အသစ် မိတ်ဆက်ပွဲတွေကို နောက်ဆုတ်နေကြသလို အွန်လိုင်းကနေပဲ ကြေညာနေကြပါတယ်။ Nokia 6.3 ကို ဘယ်လို ကြေညာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena