Zawgyi

Nokia 7 Plus ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Nokia 7.1 Plus ရဲ႕ အခ်က္အလက္ေတြဟာ TENAA လို႔ေခၚတဲ့ Certification ဝက္ဆိုက္တစ္ခုကေန ေပၚထြက္လာတာ ျဖစ္ပါတယ္။ TENAA ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ Nokia 7.1 Plus ရဲ႕ ေမာ္ဒယ္နံပါတ္က TA-1131 ျဖစ္ၿပီး Dual Camera နဲ႔ Fingerprint Sensor ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရပါတယ္။

Nokia 7.1 Plus ရဲ႕ Display အပိုင္းအတြက္ ၆.၁၈လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Full-HD+ Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိႏိုင္ပါတယ္။ Processor အပိုင္းမွာေတာ့ Snapdragon 710 SoC ကို အသုံးျပဳႏိုင္ဖြယ္ ရွိပါတယ္။ RAM 4GB/ Storage 64GB နဲ႔ RAM 6GB/ Storage 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ႏိုင္ဖြယ္ရွိၿပီး MicroSD 400GB အထိ ထပ္စိုက္ႏိုင္တယ္လို႔ သိရပါတယ္။

ကင္မရာ အပိုင္းအတြက္ 13MP+12MP Camera ေတြကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ထည့္သြင္းထားႏိုင္ၿပီး အေလးခ်ိန္ကေတာ့ ၁၈၅ ဂရမ္ရွိတယ္လို႔ သိရပါတယ္။

Roland Quandt ရဲ႕ တြစ္တာ စာမ်က္ႏွာက အခ်က္အလက္ေတြအရဆိုရင္ Nokia 7.1 Plus ကို Nokia 7.1 အျဖစ္ ကင္ပြန္းတပ္ၿပီး မိတ္ဆက္ႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းရဲ႕ RAM 4GB/ Storage 64GB ေမာ္ဒယ္ကို ယူ႐ို ၃၉၉ (ျမန္မာေငြ ၇သိန္း ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါေသးတယ္။ HMD Global အေနနဲ႔ လာမယ့္ ေအာက္တိုဘာလ ၁ရက္ေန႔မွာ ပြဲတစ္ပြဲ က်င္းပဖို႔ ရွိတာေၾကာင့္ အဆိုပါပြဲမွာ Nokia 7.1 Plus ကို ျမင္ေတြ႕ႏိုင္ပါတယ္။

Ref: gadgets.ndtv

Unicode

TENAA ကနေ တဆင့် ပေါက်ကြားထွက်ပေါ်လာတဲ့ Nokia 7.1 Plus ရဲ့ အချက်အလက်များ

Nokia 7 Plus ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Nokia 7.1 Plus ရဲ့ အချက်အလက်တွေဟာ TENAA လို့ခေါ်တဲ့ Certification ဝက်ဆိုက်တစ်ခုကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ TENAA ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Nokia 7.1 Plus ရဲ့ မော်ဒယ်နံပါတ်က TA-1131 ဖြစ်ပြီး Dual Camera နဲ့ Fingerprint Sensor တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပါတယ်။

Nokia 7.1 Plus ရဲ့ Display အပိုင်းအတွက် ၆.၁၈လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2160 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းမှာတော့ Snapdragon 710 SoC ကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ RAM 4GB/ Storage 64GB နဲ့ RAM 6GB/ Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်နိုင်ဖွယ်ရှိပြီး MicroSD 400GB အထိ ထပ်စိုက်နိုင်တယ်လို့ သိရပါတယ်။

ကင်မရာ အပိုင်းအတွက် 13MP+12MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ထည့်သွင်းထားနိုင်ပြီး အလေးချိန်ကတော့ ၁၈၅ ဂရမ်ရှိတယ်လို့ သိရပါတယ်။

Roland Quandt ရဲ့ တွစ်တာ စာမျက်နှာက အချက်အလက်တွေအရဆိုရင် Nokia 7.1 Plus ကို Nokia 7.1 အဖြစ် ကင်ပွန်းတပ်ပြီး မိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းရဲ့ RAM 4GB/ Storage 64GB မော်ဒယ်ကို ယူရို ၃၉၉ (မြန်မာငွေ ၇သိန်း ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါသေးတယ်။ HMD Global အနေနဲ့ လာမယ့် အောက်တိုဘာလ ၁ရက်နေ့မှာ ပွဲတစ်ပွဲ ကျင်းပဖို့ ရှိတာကြောင့် အဆိုပါပွဲမှာ Nokia 7.1 Plus ကို မြင်တွေ့နိုင်ပါတယ်။

Ref: gadgets.ndtv