HMD Global က Nokia 7.2 အတွက် Android 10 Update စတင် ဖြန့်ချိပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Android 9 Pie ပါတဲ့ အဲဒီဖုန်းကို အရင်နှစ် စက်တင်ဘာလမှာ ရောင်းပေးခဲ့ပြီး သီအိုရီအရ Android One Program ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Android OS Update ကို မြန်မြန်ရကြပါတယ်။ ဒါပေမယ့် Android 10 ကို Google က ထုတ်ပေးထားတာ ၆ လကျော်ရှိနေပြီး Android One မဟုတ်တဲ့ ဖုန်းတွေမှာတောင် Android 10 ရနေကြပါပြီ။

ကိုရိုနာဗိုင်းရက်စ်ကြောင့် HMD ဟာ Android 10 Update ဖြန့်ချိတာ နောက်ကျသွားတာဖြစ်နိုင်ပြီး ကုမ္ပဏီကလည်း ဒီလို ဖြစ်နိုင်တယ်ဆိုတာ ဒီလ အစောပိုင်းက ကြေညာထားပါတယ်။ Nokia 7.2 အတွက် Android 10 Version ဟာ 2.250 ဖြစ်ပြီး Stock Version ဖြစ်တဲ့အတွက် Google ထည့်ပေးထားတဲ့ Android 10 လုပ်ဆောင်ချက် အားလုံးပါပါတယ်။

အဲဒီထဲမှာ System-wide Dark Mode , Smart Reply , Full Screen Navigation နဲ့ တည်နေရာ၊ ကိုယ်ရေးကိုယ်တာအတွက် ပိုကောင်းတဲ့ ထိန်းချုပ်မှုတွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ် မတ်လအတွက် Security Patch လည်း ပါလာပါတယ်။

ကမ္ဘာအဝန်းအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် ရက်အနည်းငယ်ကြာနိုင်ပါတယ်။ Update ရရင် Notification ရမှာ ဖြစ်သလို Settings ထဲမှာလည်း Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena