[Zawgyi]

Nokia ကေတာ့ ပါးလႊာတဲ့ စမတ္ဖုန္းသစ္တစ္မ်ိဳးကို ေဈးကြက္ထဲ ပို႔ေဆာင္ဖို႔ ႀကိဳးပမ္းေနျပန္ၿပီ ျဖစ္ပါတယ္။ Nokia 7.2 လို႔အမည္ရတဲ့ ဒီစမတ္ဖုန္းဟာ ေက်ာဘက္မွာလည္း ကင္မရာသုံးလုံးပါဝင္ဦးမယ္လို႔ Render ပုံရိပ္ေတြက ေဖာ္ျပေနၾကပါတယ္။ ဒါ့အျပင္ ဒီကင္မရာသုံးလုံးဟာ စက္ဝိုင္းပုံ ကင္မရာေဘာင္ထဲမွာ ထည့္သြင္းထားတာပါ။

Nokia 7.2 ရဲ႕ Render ပုံရိပ္ကို ႐ုတ္တရက္ၾကည့္လိုက္ရင္ေတာ့ ေက်ာဘက္မွာ စက္ဝိုင္းအႀကီးတစ္ခုနဲ႔ အေသးတစ္ခုကို အရင္ျမင္လိုက္ရမွာပါ။ စက္ဝိုင္းအႀကီးကေတာ့ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္အတြက္ျဖစ္ၿပီး စက္ဝိုင္းအေသးကေတာ့ Fingerprint အတြက္ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ Render ႐ုပ္ပုံေတြဟာ Case အတြက္ဆိုေပမယ့္ အေရွ႕ဘက္မ်က္ႏွာျပင္ကိုလည္း ေတြ႕ျမင္ရပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Waterdrop Notch နဲ႔အတူ ကင္မရာတစ္လုံးကိုလည္း တပ္ဆင္ေပးထားပါတယ္။ အတည္မျပဳရေသးတဲ့ ေကာလာဟလအရဆိုရင္ေတာ့ Nokai 7.2 မွာ 48MP အေနာက္ကင္မရာလည္း ပါဝင္လာဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

ၾသဂုတ္လဆန္းက Geekbench မွာေတြ႕ရတဲ့ အခ်က္အလက္အရဆိုရင္ေတာ့ Nokai 7.2 ဟာ Snapdragon 710 SoC နဲ႔ျဖစ္ၿပီး RAM ကေတာ့ 6GB ျဖစ္ေၾကာင္း သိရပါတယ္။ ၾသဂုတ္လကုန္ပိုင္း ဒါမွမဟုတ္ စက္တင္ဘာလဆန္းပိုင္းမွာ ျဖန႔္ခ်ိဖြယ္ရွိၿပီး ဘာလင္မွာမိတ္ဆက္မယ့္ရက္ကေတာ့ စက္တင္ဘာလ ၅ ရက္ေန႔လို႔ သတင္းထြက္ေပၚထားပါတယ္။ ဒါေၾကာင့္ တရားဝင္မိတ္မဆက္ခင္ ေနာက္ထပ္ အခ်က္အလက္ေတြကို ထပ္မံသိရွိရဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

စက်ဝိုင်းပုံ ကင်မရာဘောင်ဒီဇိုင်းနဲ့မြင်တွေ့လာရတဲ့ Nokia 7.2

Nokia ကတော့ ပါးလွှာတဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို ဈေးကွက်ထဲ ပို့ဆောင်ဖို့ ကြိုးပမ်းနေပြန်ပြီ ဖြစ်ပါတယ်။ Nokia 7.2 လို့အမည်ရတဲ့ ဒီစမတ်ဖုန်းဟာ ကျောဘက်မှာလည်း ကင်မရာသုံးလုံးပါဝင်ဦးမယ်လို့ Render ပုံရိပ်တွေက ဖော်ပြနေကြပါတယ်။ ဒါ့အပြင် ဒီကင်မရာသုံးလုံးဟာ စက်ဝိုင်းပုံ ကင်မရာဘောင်ထဲမှာ ထည့်သွင်းထားတာပါ။

Nokia 7.2 ရဲ့ Render ပုံရိပ်ကို ရုတ်တရက်ကြည့်လိုက်ရင်တော့ ကျောဘက်မှာ စက်ဝိုင်းအကြီးတစ်ခုနဲ့ အသေးတစ်ခုကို အရင်မြင်လိုက်ရမှာပါ။ စက်ဝိုင်းအကြီးကတော့ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်အတွက်ဖြစ်ပြီး စက်ဝိုင်းအသေးကတော့ Fingerprint အတွက် ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ Render ရုပ်ပုံတွေဟာ Case အတွက်ဆိုပေမယ့် အရှေ့ဘက်မျက်နှာပြင်ကိုလည်း တွေ့မြင်ရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Waterdrop Notch နဲ့အတူ ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ အတည်မပြုရသေးတဲ့ ကောလာဟလအရဆိုရင်တော့ Nokai 7.2 မှာ 48MP အနောက်ကင်မရာလည်း ပါဝင်လာဖို့ မျှော်လင့်နိုင်ပါတယ်။

သြဂုတ်လဆန်းက Geekbench မှာတွေ့ရတဲ့ အချက်အလက်အရဆိုရင်တော့ Nokai 7.2 ဟာ Snapdragon 710 SoC နဲ့ဖြစ်ပြီး RAM ကတော့ 6GB ဖြစ်ကြောင်း သိရပါတယ်။ သြဂုတ်လကုန်ပိုင်း ဒါမှမဟုတ် စက်တင်ဘာလဆန်းပိုင်းမှာ ဖြန့်ချိဖွယ်ရှိပြီး ဘာလင်မှာမိတ်ဆက်မယ့်ရက်ကတော့ စက်တင်ဘာလ ၅ ရက်နေ့လို့ သတင်းထွက်ပေါ်ထားပါတယ်။ ဒါကြောင့် တရားဝင်မိတ်မဆက်ခင် နောက်ထပ် အချက်အလက်တွေကို ထပ်မံသိရှိရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena