ပြီးခဲ့တဲ့ Nokia Mobile Event မှာ HMD Global ဟာ Nokia 2.4 နဲ့ Nokia 3.4 အပါအဝင် အခြား Accessories တွေကိုပဲ ကြေညာသွားခဲ့တာပါ။ ဒီတော့ Nokia 7.3 ထွက်လာဖို့ကို ရက်အတန်ကြာ စောင့်ဆိုင်းရဦးမယ့် အခြေအနေဖြစ်ပါတယ်။

Nokia 7.3 ဖြန့်ချိမယ့်ရက်ကို မသိရသေးပေမယ့် ပြီးခဲ့တဲ့ရက်တုန်းကတော့ ဒီဟန်းဆက်ရဲ့ ၃၆၀ ဒီဂရီ ဗီဒီယို ပေါ်ထွက်လာပါတယ်။ Render ပုံရိပ်တွေကတော့ OnLeaks လို့လူသိများတဲ့ Setve Hemmerstoffer ဆီကတစ်ဆင့် ထွက်ပေါ်လာပါတယ်။

Nokia 7.2 ဟာ Waterdrop notch နဲ့ဖြစ်ခဲ့ပေမယ့် Nokia 7.3 မှာတော့ Punch-hole အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ 6.5-inch FHD+ resolution နဲ့မျက်နှာပြင်ဟာ ခပ်ကွေးကွေးအနားစွန်းတွေနဲ့ဖြစ်သလို မထူလွန်းမပါးလွန်းတဲ့ Bezel တွေနဲ့လည်း ဖြစ်ပါတယ်။ ကျောဘက်ကတော့ 7.2 နဲ့နှိုင်းယှဉ်ရင် ပြောင်းလဲမှုအနည်းငယ် ရှိတယ်လို့ ဆိုရမှာပါ။

ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာအိမ်နဲ့အတူ ကင်မရာလေးလုံးတပ်ဆင်ပေးထားပြီး LED ဖလက်ရှ်ကတော့ ဘေးဘက်မှာသီးသန့် ရှိနေပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ Fingerprint scanner ကို နေရာချထားပါတယ်။ Nokia 7.2 တုန်းကတော့ ကျောဘက်မှာ Gorilla Glass နဲ့ဖြစ်ပေမယ့် အခု Nokia 7.3 ကတော့ ပလပ်စတစ်ကိုယ်ထည်နဲ့ပဲ ဖြစ်နေတာကို တွေ့ရပါတယ်။

ဟန်းဆက်ရဲ့ ထိပ်ဘက်မှာ Audio jack ရှိပြီး အောက်ဘက်မှာ USB-C port နဲ့ အဓိက မိုက်ခရိုဖုန်း၊ စပီကာတွေ ရှိနေပါတယ်။ Snapdragon 690 processor အသုံးပြုထားပြီး 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ဘက်ထရီကတော့ 4,000mAh ပမာဏဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါသေးတယ်။

Ref: Gizmochina