Zawgyi

HMD Global အေနနဲ႔ မ်ိဴးဆက္သစ္ စမတ္ဖုန္း တစ္လုံးျဖစ္တဲ့ Nokia 7.1 Plus ကို မၾကာခင္ ပြဲထုတ္ေတာ့မွာ ျဖစ္ပါတယ္။ မနက္ျဖန္ ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ Nokia 7.1 Plus ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္သြားမွာ ျဖစ္ၿပီး Global Launch ကိုေတာ့ ေနာက္လထဲမွာ က်င္းပသြားႏိုင္ဖြယ္ ရွိပါတယ္။

တ႐ုတ္ႏိုင္ငံမွာ Nokia X7 အျဖစ္ ကင္ပြန္းတပ္သြားမွာ ျဖစ္ၿပီး ကမာၻအႏွံ႔အျပားကိုေတာ့ Nokia 7.1 Plus နာမည္နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Nokia 7.1 Plus ဟာ ၆.၁၈ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကိုအသုံးျပဳထားမွာ ျဖစ္ၿပီး Resolution ကေတာ့ 1080 x 2264 pixels ပါ။ Processor အပိုင္းအတြက္ Snapdragon 710 Chip ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 6GB ပါဝင္ႏိုင္ပါတယ္။ Memory Storage ကို 128GB ထည့္သြင္းထားႏိုင္ၿပီး ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3500mAh ပါဝင္ႏိုင္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 12MP+13MP Camera ေတြကို တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။ Operating System အပိုင္းအတြက္ Android 8.1 Oreo ကို ထည့္သြင္းေမာင္းႏွင္ ထားႏိုင္ၿပီး အေလးခ်ိန္ကေတာ့ ၁၇၈ဂရမ္ ရွိတယ္လို႔ သိရပါတယ္။ Nokia 7.1 Plus ကို တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၂၆၉၉ ယြမ္ (ျမန္မာေငြ ၆သိန္း ဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။

Ref: androidauthority

Unicode

မနက်ဖြန် ပွဲထွက်လာမယ့် Nokia 7.1 Plus ရဲ့ အချက်အလက်များ

HMD Global အနေနဲ့ မျိူးဆက်သစ် စမတ်ဖုန်း တစ်လုံးဖြစ်တဲ့ Nokia 7.1 Plus ကို မကြာခင် ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ မနက်ဖြန် အောက်တိုဘာလ ၁၆ရက်နေ့မှာ Nokia 7.1 Plus ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပြီး Global Launch ကိုတော့ နောက်လထဲမှာ ကျင်းပသွားနိုင်ဖွယ် ရှိပါတယ်။

တရုတ်နိုင်ငံမှာ Nokia X7 အဖြစ် ကင်ပွန်းတပ်သွားမှာ ဖြစ်ပြီး ကမ္ဘာအနှံ့အပြားကိုတော့ Nokia 7.1 Plus နာမည်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Nokia 7.1 Plus ဟာ ၆.၁၈ လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကိုအသုံးပြုထားမှာ ဖြစ်ပြီး Resolution ကတော့ 1080 x 2264 pixels ပါ။ Processor အပိုင်းအတွက် Snapdragon 710 Chip ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ပါတယ်။ Memory Storage ကို 128GB ထည့်သွင်းထားနိုင်ပြီး ဘက်ထရီ သိုလှောင်မှု ပမာဏ 3500mAh ပါဝင်နိုင်ပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+13MP Camera တွေကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ Operating System အပိုင်းအတွက် Android 8.1 Oreo ကို ထည့်သွင်းမောင်းနှင် ထားနိုင်ပြီး အလေးချိန်ကတော့ ၁၇၈ဂရမ် ရှိတယ်လို့ သိရပါတယ်။ Nokia 7.1 Plus ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ တရုတ်ငွေ ၂၆၉၉ ယွမ် (မြန်မာငွေ ၆သိန်း ဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

Ref: androidauthority