Nokia 7.1 Plus သို႔မဟုတ္ Nokia X7 လို႔ အမည္ေပးထားၾကတဲ့ ဟန္းဆက္အသစ္ရဲ႕ ပုံရိပ္ေတြ ေပါက္ၾကားတာ အခုမွ ပထမဆုံးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အရင္ပုံေတြမွာ Notch မပါခဲ့ဘဲ အခု ေပၚလာတဲ့ပုံမွာေတာ့ အရမ္းမေသး၊ အုိင္ဖုန္းေလာက္လဲ မက်ယ္တဲ့ Notch တစ္ခု ပါလာတာကို ပထမဆုံး ျမင္ရတာပါ။

ဘယ္ပုံရိပ္က အမွန္ျဖစ္မလဲ ဆုိတာေတာ့ မသိရေသးေပမယ့္ အခုေနာက္ဆုံးထြက္လာတဲ့ ပုံေတြက တရားဝင္ Render ပုံရိပ္ေတြ ျဖစ္တယ္လို႔ ဆုိျပီး အျခား X စီးရီးဖုန္းႏွစ္လုံးမွာလည္း Notch ေတြ ပါေနခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ ပုံမွာပါတဲ့ Screen ကေတာ့ 19:9 Ratio ျဖစ္ျပီး 1080x 2280p Resolution ျဖစ္ဖို႔ မ်ားပါတယ္။ အရြယ္အစားကေတာ့ 5.9” လက္မလုိ႔ သတင္းထြက္ထားတယ္။

ေက်ာဘက္ကေတာ့ Zeiss ကင္မရာႏွစ္လုံးနဲ႔ စိတ္ဝင္စားဖို႔ ေကာင္းေနျပီး Nokia X စီးရီးထဲမွာ ပထမဆုံး Dual Zeiss အမ်ဳိးအစား ကင္မရာပါတဲ့ ဟန္းဆက္ ျဖစ္လာဖို႔ရွိပါတယ္။ Nokia 7 Plus မွာ Zeiss ကင္မရာ ပါခဲ့ေပမယ့္ Nokia X6 (6.1 Plus) နဲ႔ X5 (5.1 Plus) တုိ႔မွာ မပါခဲ့လို႔ပါ။

ေက်ာဘက္မွာပဲ Android One လိုဂုိကို ျမင္ရတဲ့အတြက္ Android OS ကုိပဲ သုံးစြဲလာမွာ ေသခ်ာပါတယ္။ Nokia 7.1 Plus ကို ထြက္လာတဲ့အခ်ိန္မွာ Android 9.0 Pie နဲ႔ မိတ္ဆက္လာဖို႔ေတာ့ ေမွ်ာ္လင့္ထားၾကတာ ျဖစ္ပါတယ္။ ေရာင္းခ်တဲ့ေစ်းကြက္ကိုလိုက္ျပီး ကြာျခားမႈရွိႏုိင္ေပမယ့္ Snapdragon 710 Chipset နဲ႔ 6GB RAM မန္မုိရီ ပါလာမယ္လို႔လည္း သတင္းထြက္ထားပါတယ္။

အခုခ်ိန္ထိေတာ့ Nokia 7.1 Plus / X7 ရဲ႕မိတ္ဆက္ရက္ကို မေၾကျငာေသးပါဘူး။ ဘကၳရီ အရြယ္အစား၊ ေစ်းႏႈန္း စတာေတြကိုလည္း မသိရေသးဘူး။ လက္ရွိမွာ ႏွစ္တစ္ႏွစ္ရဲ႕ ေလးပုံသုံးပုံေက်ာ္လာျပီ ျဖစ္ေပမယ့္ အေရးပါတဲ့ ေနာက္ဆုံးသုံးလ အားလပ္ရက္ရာသီကေတာ့ နည္းပညာသစ္ေတြ မိတ္ဆက္လာဖို႔ အေကာင္းဆုံး အခ်ိန္အျဖစ္ ရွိေနပါေသးတယ္။

Ref – https://www.gsmarena.com/leaked_nokia_71_plus_x7_renders_show_a_notch_dual_zeiss_camera-news-33362.php

Unicode

Nokia 7.1 Plus သို့မဟုတ် Nokia X7 လို့ အမည်ပေးထားကြတဲ့ ဟန်းဆက်အသစ်ရဲ့ ပုံရိပ်တွေ ပေါက်ကြားတာ အခုမှ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ပုံတွေမှာ Notch မပါခဲ့ဘဲ အခု ပေါ်လာတဲ့ပုံမှာတော့ အရမ်းမသေး၊ အိုင်ဖုန်းလောက်လဲ မကျယ်တဲ့ Notch တစ်ခု ပါလာတာကို ပထမဆုံး မြင်ရတာပါ။

ဘယ်ပုံရိပ်က အမှန်ဖြစ်မလဲ ဆိုတာတော့ မသိရသေးပေမယ့် အခုနောက်ဆုံးထွက်လာတဲ့ ပုံတွေက တရားဝင် Render ပုံရိပ်တွေ ဖြစ်တယ်လို့ ဆိုပြီး အခြား X စီးရီးဖုန်းနှစ်လုံးမှာလည်း Notch တွေ ပါနေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပုံမှာပါတဲ့ Screen ကတော့ 19:9 Ratio ဖြစ်ပြီး 1080x 2280p Resolution ဖြစ်ဖို့ များပါတယ်။ အရွယ်အစားကတော့ 5.9” လက်မလို့ သတင်းထွက်ထားတယ်။

ကျောဘက်ကတော့ Zeiss ကင်မရာနှစ်လုံးနဲ့ စိတ်ဝင်စားဖို့ ကောင်းနေပြီး Nokia X စီးရီးထဲမှာ ပထမဆုံး Dual Zeiss အမျိုးအစား ကင်မရာပါတဲ့ ဟန်းဆက် ဖြစ်လာဖို့ရှိပါတယ်။ Nokia 7 Plus မှာ Zeiss ကင်မရာ ပါခဲ့ပေမယ့် Nokia X6 (6.1 Plus) နဲ့ X5 (5.1 Plus) တို့မှာ မပါခဲ့လို့ပါ။

ကျောဘက်မှာပဲ Android One လိုဂိုကို မြင်ရတဲ့အတွက် Android OS ကိုပဲ သုံးစွဲလာမှာ သေချာပါတယ်။ Nokia 7.1 Plus ကို ထွက်လာတဲ့အချိန်မှာ Android 9.0 Pie နဲ့ မိတ်ဆက်လာဖို့တော့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ရောင်းချတဲ့ဈေးကွက်ကိုလိုက်ပြီး ကွာခြားမှုရှိနိုင်ပေမယ့် Snapdragon 710 Chipset နဲ့ 6GB RAM မန်မိုရီ ပါလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

အခုချိန်ထိတော့ Nokia 7.1 Plus / X7 ရဲ့မိတ်ဆက်ရက်ကို မကြေငြာသေးပါဘူး။ ဘက္ထရီ အရွယ်အစား၊ ဈေးနှုန်း စတာတွေကိုလည်း မသိရသေးဘူး။ လက်ရှိမှာ နှစ်တစ်နှစ်ရဲ့ လေးပုံသုံးပုံကျော်လာပြီ ဖြစ်ပေမယ့် အရေးပါတဲ့ နောက်ဆုံးသုံးလ အားလပ်ရက်ရာသီကတော့ နည်းပညာသစ်တွေ မိတ်ဆက်လာဖို့ အကောင်းဆုံး အချိန်အဖြစ် ရှိနေပါသေးတယ်။

Ref – https://www.gsmarena.com/leaked_nokia_71_plus_x7_renders_show_a_notch_dual_zeiss_camera-news-33362.php