Zawgyi





Ref – GSM Arena

Unicode

IFA 2019 ပွဲမှာ မိတ်ဆက်လာမယ့် စမတ်ဖုန်းသစ်တွေကြားမှာ Nokia ရဲ့ Nokia 7.2 လည်း အပါအဝင်ဖြစ်ပြီး Leak အများအပြားထွက်ပေါ်လျက်ရှိပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတာက သူ့ရဲ့ Hands-on ဓါတ်ပုံတွေဖြစ်တာကြောင့် Nokia 7.2 ရဲ့နောက်ဆုံးအပြီးသတ်ဒီဇိုင်းအပြင် ရှေ့က ထွက်ထားတဲ့အထဲမှာ မပါသေးတဲ့ Cyan ကာလာအသစ်လေးကိုပါ တွေ့ခွင့်ရခဲ့ပါတယ်။

ရှေ့ဘက်မှာပါဝင်တဲ့ Waterdrop Notch ရဲ့ လက်ထဲမှာကိုင်ထားတဲ့မြင်ကွင်းနဲ့ နောက်ဘက်က စက်ဝန်းပုံ Triple-camera Module ကိုလည်း တွေ့ရပါတယ်။ နောက်ဘက်ကင်မရာကို Sensor သုံးခုနဲ့ Flash တစ်ခုတို့ ပေါင်းစပ်ထားတာကြောင့် အမှတ်တမဲ့ဆိုရင် Quad-camera လိုဖြစ်နေတာပါ။ Fingerprint ကတော့ ကင်မရာတွေရဲ့ အောက်တည့်တည့်မှာရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက Leak တွေအရတော့ Nokia 7.2 မှာ 6.2” FHD+ Display တစ်ခုပါဝင်မှာဖြစ်ပြီး Geekbench ရလဒ်များအရတော့ အတွင်းပိုင်းမှာ Snapdragon 710 ချစ်ပ်ဆက်ကို 6GB RAM မန်မိုရီနဲ့ တွဲထားပါတယ်။ ဒီဖုန်းဟာ Android One Programme ရဲ့အစိတ်အပိုင်းဖြစ်တာကြောင့် Stock Android ကို အသုံးပြုရမှာပါ။

Nokia 7.2 ဖုန်းဟာ နိုင်ငံတကာဈေးကွက်တွေကို ဝင်ရောက်ဖို့ အသိအမှတ်ပြုလည်းခံယူပြီးဖြစ်ကာ Zeiss Group ရဲ့ပွဲမှာ မီဒီယာတွေကိုလည်း ချပြခဲ့ပါသေးတယ်။ HMD အတွက်တော့ အခုနှစ် IFA Berlin ပွဲတော်မှာ ပွဲဦးထွက်လာမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၅ ရက်နေ့မှာပဲ Nokia 7.2 အား စင်မြင့်ထက်မှာ မြင်ရတော့မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena