Zawgyi

Nokia ရဲ႕ေနာက္ထပ္ ထုတ္ကုန္အသစ္ Nokia 8.2 ေရာက္လာဖို႔ လအနည္းငယ္ေလာက္ လိုေသးေပမယ့္ သူ႔ရဲ႕ Spec အခ်ဳိ႕ကေတာ့ ပထမဆုံးအႀကိမ္ ထြက္ေပၚလာခဲ့ပါၿပီ။ အခုထြက္လာတဲ့သတင္းအရေတာ့ Nokia ရဲ႕ စမတ္ဖုန္းအသစ္မွာ Pop-up ကင္မရာတစ္ခုနဲ႔အတူ Android Q OS အသစ္ကိုပါ သုံးစြဲလာမယ္လို႔ သိရပါတယ္။

ေရွ႕ဘက္ Pop-up ကင္မရာက 32MP Sensor တစ္ခုျဖစ္ၿပီး Samsung GD1 Sensor ျဖစ္ႏုိင္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ Nokia 8.2 မွာ 8GB RAM နဲ႔ 256GB Storage မန္မုိရီအတြဲ ျဖစ္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနပါတယ္။

အခုေခတ္ Flagship ေတြနဲ႔ ယွဥ္ၾကည့္လုိက္ရင္ 8/256 GB မန္မုိရီအတြဲဆုိတာ ဒီေလာက္ အထင္ႀကီးစရာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ Nokia အေနနဲ႔ေတာ့ ဒီေလာက္ပမာဏမ်ားမ်ားနဲ႔ ထြက္လာတာ ဒီဖုန္းက ပထမဆုံးပါပဲ။ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ သူတုိ႔ရဲ႕ Flagship ဟန္းဆက္ Nokia 9 PureView မွာေတာင္ ဒီေလာက္မပါခဲ့ပါဘူး။

Nokia 8.1 စမတ္ဖုန္းဟာ ဥေရာပႏုိင္ငံမွာ စတင္ေစ်းခ်ေနၿပီျဖစ္တာေၾကာင့္ HMD Global ကုမၸဏီဟာ Nokia ဖုန္းအသစ္ကို မၾကာခင္အမ်ားေရွ႕ေမွာက္သို႔ စတင္ခ်ျပလာေတာ့မယ္လို႔ ယူဆရၿပီး ဒီဖုန္းဟာ Snapdragon 855 အသုံးျပဳလာမယ့္ ပထမဆုံး Nokia ဖုန္းလည္း ျဖစ္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Nokia ရဲ့နောက်ထပ် ထုတ်ကုန်အသစ် Nokia 8.2 ရောက်လာဖို့ လအနည်းငယ်လောက် လိုသေးပေမယ့် သူ့ရဲ့ Spec အချို့ကတော့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပါပြီ။ အခုထွက်လာတဲ့သတင်းအရတော့ Nokia ရဲ့ စမတ်ဖုန်းအသစ်မှာ Pop-up ကင်မရာတစ်ခုနဲ့အတူ Android Q OS အသစ်ကိုပါ သုံးစွဲလာမယ်လို့ သိရပါတယ်။

ရှေ့ဘက် Pop-up ကင်မရာက 32MP Sensor တစ်ခုဖြစ်ပြီး Samsung GD1 Sensor ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Nokia 8.2 မှာ 8GB RAM နဲ့ 256GB Storage မန်မိုရီအတွဲ ဖြစ်မယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

အခုခေတ် Flagship တွေနဲ့ ယှဉ်ကြည့်လိုက်ရင် 8/256 GB မန်မိုရီအတွဲဆိုတာ ဒီလောက် အထင်ကြီးစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် Nokia အနေနဲ့တော့ ဒီလောက်ပမာဏများများနဲ့ ထွက်လာတာ ဒီဖုန်းက ပထမဆုံးပါပဲ။ မကြာသေးခင်က မိတ်ဆက်ထားတဲ့ သူတို့ရဲ့ Flagship ဟန်းဆက် Nokia 9 PureView မှာတောင် ဒီလောက်မပါခဲ့ပါဘူး။

Nokia 8.1 စမတ်ဖုန်းဟာ ဥရောပနိုင်ငံမှာ စတင်ဈေးချနေပြီဖြစ်တာကြောင့် HMD Global ကုမ္ပဏီဟာ Nokia ဖုန်းအသစ်ကို မကြာခင်အများရှေ့မှောက်သို့ စတင်ချပြလာတော့မယ်လို့ ယူဆရပြီး ဒီဖုန်းဟာ Snapdragon 855 အသုံးပြုလာမယ့် ပထမဆုံး Nokia ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena