Nokia ကနေ မနှစ်က Flagship ဖုန်းဖြစ်တဲ့ Nokia 8 စမတ်ဖုန်းဟာ အခုအချိန်မှာ အနည်းငယ် ဒိတ်အောက်သွားပြီလို့ ပြောလို့ရပေမယ့် Software ပိုင်းမှာတော့ လုံးဝ Update ဖြစ်နေတုန်းပဲဖြစ်ပါတယ်။

အခုအချိန်မှာ HMD Global ကနေ Nokia 8 ဖုန်းအတွက် နောက်ထပ် Feature Update တစ်ခုကို ထပ်ပြီး ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒါကလည်း သာမန် Security Patches တွေမဟုတ်ပဲ အလန်းစား Pro Camera Feature ကို ရရှိလာစေမယ့် Update ပဲဖြစ်ပါတယ်။

HMD ကတော့ အခု Update ဟာ Nokia 8 ရဲ့ Imaging Framework တစ်ခုလုံးကို အစားထိုးသွားမှာဖြစ်ပြီးတော့ လုံးဝကို အကောင်းဆုံးသော ဓါတ်ပုံတွေကို Professional ကျကျ ရိုက်ကူးနိုင်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Nokia 8 အတွက် အခု Update ဟာ 600MB ဝန်းကျင်ရှိမှာဖြစ်ပြီးတော့ အခု Nokia 8 အပြင် နောက်ပိုင်းမှာ Nokia ဖုန်းအားလုံးမှာ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။