Zawgyi

မႏွစ္တုနး္က တျခားေသာ စမတ္ဖုန္းေတြက လံုးဝလုိက္မလုပ္ခဲ့တဲ့ Nokia 9 PureView ရဲ႕ Back Camera ၅ လံုးကို မွတ္မိၾကဦးမွာပါ။ အဆုိပါ Nokia 9 PureView ဖုန္းက Camera ပိုင္းအရေရာ တျခား Specification ေတြအရေရာ ထင္သေလာက္ေအာင္ျမင္မႈမရရွိခဲ့ပါဘူး။

အဲ့ဒီအတြက္ အခုအခ်ိန္မွာေတာ့ Nokia ကေန အဆုိပါ Nokia 9 PureView ရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာမယ့္ Nokia 9.1 PureView ကို မိတ္ဆက္လာေတာ့မွာပါ။ Nokiapoweruser ကေန ဒီ Nokia 9.1 ဖုန္းရဲ႕ သတင္းအခ်က္အလက္အခ်ိဳ႕ကို ေဖာ္ျပသြားခဲ့ပါတယ္။

ေဖာ္ျပခ်က္အရ Nokia 9.1 PureView ဟာ ၂၀၁၉ ခုႏွစ္ တတိယ ၃ လပတ္မွာ မိတ္ဆက္လာမွာျဖစ္ျပီးေတာ့ HMD Global ကေန Camera ပိုင္းကို သိသိသာသာကို Upgrade ျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။ တခ်ိဳ႕သတင္းေတြအရေတာ့ Nokia ကေန Light ကုမၸဏီနဲ႔ ပူးေပါင္းျပီး Camera Module နဲ႔ Software ေတြကို သိသိသာသာ Upgrade လုပ္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ Qualcomm ရဲ႕ Snapdragon 855 Processor ကို အသံုးျပဳလာမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ 5G Modem ကို အသံုးျပဳထားမွာျဖစ္တဲ့အတြက္ 5G ကိုပါ တခါတည္းအသံုးျပဳႏိုင္မွာပါ။ Display မွာလည္း Front Selfie Camera အတြက္ Notch Cutout ပါဝင္မယ္လုိ႔ သိရပါတယ္။

Nokia ကေတာ့ အခု Nokia 9.1 PureView စမတ္ဖုန္းကို Low Light Photography နဲ႔ Video Recording ပိုင္းေတြမွာ သိသိသာသာကို အားစိုက္လာေတာ့မယ့္အျပင္ Android Q ကိုပါ တခါတည္းသံုးလာမွာပါ။

Ref – GSM Arena

Unicode

မနှစ်တုန်းက တခြားသော စမတ်ဖုန်းတွေက လုံးဝလိုက်မလုပ်ခဲ့တဲ့ Nokia 9 PureView ရဲ့ Back Camera ၅ လုံးကို မှတ်မိကြဦးမှာပါ။ ဒါပေမယ့် အဆိုပါ Nokia 9 PureView ဖုန်းက Camera ပိုင်းအရရော တခြား Specification တွေအရရော ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။

အဲ့ဒီအတွက် အခုအချိန်မှာတော့ Nokia ကနေ အဆိုပါ Nokia 9 PureView ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Nokia 9.1 PureView ကို မိတ်ဆက်လာတော့မှာပါ။ အခုလည်း Nokiapoweruser ကနေ ဒီ Nokia 9.1 ဖုန်းရဲ့ သတင်းအချက်အလက်အချို့ကို ဖော်ပြသွားခဲ့ပါတယ်။

အခုဖော်ပြချက်အရ Nokia 9.1 PureView ဟာ ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်မှာ မိတ်ဆက်လာမှာဖြစ်ပြီးတော့ HMD Global ကနေ Camera ပိုင်းကို သိသိသာသာကို Upgrade ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တချို့သတင်းတွေအရတော့ Nokia ကနေ Light ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ Camera Module နဲ့ Software တွေကို သိသိသာသာ Upgrade လုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် Qualcomm ရဲ့ Snapdragon 855 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ နောက်ပြီးတော့ 5G Modem ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် 5G ကိုပါ တခါတည်းအသုံးပြုနိုင်မှာပါ။ နောက်ပြီးတော့ Display မှာလည်း Front Selfie Camera အတွက် Notch Cutout ပါဝင်မယ်လို့ သိရပတ်ယ်။

Nokia ကတော့ အခု Nokia 9.1 PureView စမတ်ဖုန်းကို Low Light Photography နဲ့ Video Recording ပိုင်းတွေမှာ သိသိသာသာကို အားစိုက်လာတော့မယ့်အပြင် Android Q ကိုပါ တခါတည်းသုံးလာမှာပါ။

Ref – GSM Arena