Unicode

Nokia ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက Light Camera ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ကျောဘက် Camera ၅ လုံးပါဝင်တဲ့ Penta-Camera Setup နဲ့ Nokia 9 PureView စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Nokia 9 PureView ဖုန်းဟာ Processor ပိုင်းအရ Date အောက်နေပြီဖြစ်တဲ့ Snapdragon 845 အပြင် Software ပိုင်း ပြဿနာတွေကြောင့် တခြား Flagship ဖုန်းတွေလောက် မအောင်မြင်ခဲ့တဲ့ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။

အခုအချိန်မှာတော့ HMD Global ကနေ Nokia 9.1 နာမည်ကို ကျော်လိုက်ပြီး Snapdragon 865 Processor နဲ့ Nokia 9.2 PureView Flagship စမတ်ဖုန်းကို ယခုနှစ်အတွင်း မိတ်ဆက်တော့မှာပါ။ Nokia နဲ့ ပတ်သတ်တဲ့သတင်းတွေကို ဖော်ပြတဲ့ Nokia Anew Twitter Account ကနေ Nokia 9.2 PureView နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ်သတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။

အဆိုပါ သတင်းကတော့ HMD ကနေ လက်ရှိအချိန်မှာ Nokia 9.2 PureView မှာ Under-display Camera ကို ထည့်သွင်းဖို့ စမ်းသပ်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Nokia ဟာ ယခင် Light Camera ကုမ္ပဏီအစား Toshiba ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Camera နည်းပညာအသစ်တွေကို စမ်းသပ်နေတယ်လို့ သတင်းတွေထွက်ရှိခဲ့ဖူးတဲ့အတွက် ယခုသတင်းဟာ ပိုပြီးဖြစ်နိုင်ဖွယ်များပြားနေပါတယ်။

တကယ်လို့ Nokia 9.2 PureView မှာသာ Under-display Camera ပါဝင်လာမယ်ဆိုရင် ဒါက လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်သွားမှာပါ။ ဒါပေမယ့်လည်း အတိအကျပြောနိုင်တဲ့ သက်သေမရှိသေးတဲ့အပြင် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ OPPO တို့ကလည်း Under-display Camera နဲ့ စမတ်ဖုန်းထုတ်ဖို့ လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ ပြောကြားထားတဲ့အတွက် စမ်းသပ်ဆဲအခြေအနေနဲ့လည်း အဆုံးသတ်သွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia 9.2 PureView စမတ်ဖုန်းကို လာမယ့် ၂၀၂၀ ပထမနှစ်ဝက်နောက်ပိုင်းမှာ မြင်တွေ့ရဖွယ်ရှိနေပြီး 5G Support အပါအဝင် Camera ပိုင်း Feature အသစ်အဆန်းတွေကို ထုတ်ပြလာနိုင်ပါတယ်။

Ref – Android Authority

Zawgyi

Nokia ကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက Light Camera ကုမၸဏီနဲ႔ ပူးေပါင္းၿပီးေတာ့ ေက်ာဘက္ Camera ၅ လုံးပါဝင္တဲ့ Penta-Camera Setup နဲ႔ Nokia 9 PureView စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ Nokia 9 PureView ဖုန္းဟာ Processor ပိုင္းအရ Date ေအာက္ေနၿပီျဖစ္တဲ့ Snapdragon 845 အျပင္ Software ပိုင္း ျပႆနာေတြေၾကာင့္ တျခား Flagship ဖုန္းေတြေလာက္ မေအာင္ျမင္ခဲ့တဲ့ဖုန္းတစ္လုံးဆိုရင္လည္း မမွားပါဘူး။

အခုအခ်ိန္မွာေတာ့ HMD Global ကေန Nokia 9.1 နာမည္ကို ေက်ာ္လိုက္ၿပီး Snapdragon 865 Processor နဲ႔ Nokia 9.2 PureView Flagship စမတ္ဖုန္းကို ယခုႏွစ္အတြင္း မိတ္ဆက္ေတာ့မွာပါ။ Nokia နဲ႔ ပတ္သတ္တဲ့သတင္းေတြကို ေဖာ္ျပတဲ့ Nokia Anew Twitter Account ကေန Nokia 9.2 PureView နဲ႔ သက္ဆိုင္တဲ့ စိတ္ဝင္စားဖြယ္သတင္းတစ္ခုကို ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ သတင္းကေတာ့ HMD ကေန လက္ရွိအခ်ိန္မွာ Nokia 9.2 PureView မွာ Under-display Camera ကို ထည့္သြင္းဖို႔ စမ္းသပ္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ Nokia 9.2 PureView ဟာ ယခင္ Light Camera ကုမၸဏီအစား Toshiba ကုမၸဏီနဲ႔ ပူးေပါင္းၿပီး Camera နည္းပညာအသစ္ေတြကို စမ္းသပ္ေနတယ္လို႔ သတင္းေတြထြက္ရွိခဲ့ဖူးတဲ့အတြက္ ယခုသတင္းဟာ ပိုၿပီးျဖစ္ႏိုင္ဖြယ္မ်ားျပားေနပါတယ္။

တကယ္လို႔ Nokia 9.2 PureView မွာသာ Under-display Camera ပါဝင္လာမယ္ဆိုရင္ ဒါက လက္ရွိ Flagship စမတ္ဖုန္းေတြထဲမွာ ပထမဆုံးျဖစ္သြားမွာပါ။ ဒါေပမယ့္လည္း အတိအက်ေျပာႏိုင္တဲ့ သက္ေသမရွိေသးတဲ့အျပင္ တ႐ုတ္ကုမၸဏီေတြျဖစ္တဲ့ Xiaomi နဲ႔ OPPO တို႔ကလည္း Under-display Camera နဲ႔ စမတ္ဖုန္းထုတ္ဖို႔ ေလာေလာဆယ္မျဖစ္ႏိုင္ေသးဘူးလို႔ ေျပာၾကားထားတဲ့အတြက္ စမ္းသပ္ဆဲအေျခအေနနဲ႔လည္း အဆုံးသတ္သြားႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Nokia 9.2 PureView စမတ္ဖုန္းကို လာမယ့္ ၂၀၂၀ ပထမႏွစ္ဝက္ေနာက္ပိုင္းမွာ ျမင္ေတြ႕ရဖြယ္ရွိေနၿပီး 5G Support အပါအဝင္ Camera ပိုင္း Feature အသစ္အဆန္းေတြကို ထုတ္ျပလာႏိုင္ပါတယ္။

Ref – Android Authority