Nokia ကနေ ယခုနှစ်အတွင်းမှာ ယခင် Nokia 9 PureView နေရာကို ဝင်ရောက်လာမယ့် Nokia 9.2 စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရ HMD Global ဟာ Nokia 9.2 ကို ယခုနှစ် ပထမနှစ်ဝက်နောက်ပိုင်းမှာ တရားဝင်မိတ်ဆက်သွားမှာပါ။

အခုအချိန်မှာတော့ Concept Design တွေကိုပြုလုပ်တတ်တဲ့ Ben Genskin ကနေ Nokia 9.2 စမတ်ဖုန်းရဲ့ Render ဓါတ်ပုံကို ဖော်ပြလိုက်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ Nokia 9.2 စမတ်ဖုန်းဟာ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး အရှေ့ဘက် Display က လုံးဝအပြည့်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကလည်း Nokia 9.2 စမတ်ဖုန်းဟာ Selfie Camera ကို Under-display Selfie Camera ကို သုံးလာမှာဖြစ်တာကြောင့်လို့ ပြောရမှာပါ။

Nokia 9.2 စမတ်ဖုန်းဟာ Qualcomm Snapdragon 865 ကို အသုံးပြုလာမယ့် 5G Flagship ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး Camera ပိုင်းမှာလည်း Light Company အစား ZEISS နဲ့ Toshiba လိုမျိုး ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး အရည်အသွေးမြင့်မားတဲ့ Camera စွမ်းဆောင်ရည်ကို ရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia 9.2 စမတ်ဖုန်းဟာ Nokia Fan တွေအတွက်ကတော့ လိုချင်စရာ Flagship စမတ်ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – Notebook Check