Nokia ရဲ့ စွမ်းရည်မြင့် ဖုန်း အသစ်ကို လာမယ့်လအနည်းငယ်အတွင်းမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းဟာ အရင်နှစ်က ထွက်ခဲ့တဲ့ Nokia 9 PureView ရဲ့ မျိုးဆက်ဖြစ်လာမှာပါ။ မျိုးဆက်သစ်ရဲ့ နာမည်က Nokia 9.3 ဖြစ်ပြီး ဩဂုတ်လ ဒါမှမဟုတ် စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။

တခြား ဖုန်း ကုမ္ပဏီတွေက ဒီနှစ်ထဲမှာ ပထမအသုတ် စွမ်းရည်မြင့် ဖုန်းတွေကို ကြေညာပြီးပါပြီ။ HMD Global က ဒုတိယ အသုတ် စွမ်းရည်မြင့် ဖုန်းတွေနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Nokia 9.3 နဲ့ မတိမ်းမယိမ်းမှာ Samsung Galaxy Note20 Series , Huawei Mate 40 Series နဲ့ Google Pixel 5 Series တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။

Nokia 9.3 နဲ့အတူ Nokia 7.3 ကိုလည်း စင်မြင့်ထက်မှာ မြင်ရနိုင်ပါတယ်။ အဲဒီဖုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထွက်ခဲ့တဲ့ Nokia 7.2 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ 9.3 နဲ့ 7.3 တို့ရဲ့ နမူနာမော်ဒယ်တွေကို ကုမ္ပဏီက လက်ရှိမှာ စမ်းသပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ Nokia 7.3 မော်ဒယ် ၂ မျိုးရှိပြီး ၁ မျိုးမှာ 5G ဆက်သွယ်မှု ပါလာမှာပါ။

HMD ဟာ လာမယ့်လတွေအတွင်း ကိုရိုနာဗိုင်းရက်စ်ရဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်တဲ့အတွက် အခုထွက်လာတဲ့ မိတ်ဆက်ပွဲ အချိန်ဟာ မသေချာသေးပါဘူး။

Ref : gsmarena