[Zawgyi]

ခုေနာက္ပိုင္းမွာ စမတ္ဖုန္းတစ္လံုးဟာ ဖုန္းေျပာရံုဆိုတာထက္ကို ပိုတဲ့ ဘက္စံုသံုးပစၥည္းတစ္ခုလိုကို ျဖစ္လာပါျပီ။ နည္းပညာေတြ ျမင့္လာတာနဲ႔အမွ် စမတ္ဖုန္းေတြရဲ႔ ကင္မရာနည္းပညာကလည္း ျမန္ျမန္ဆန္ဆန္ၾကီးကို တိုးတက္လာခဲ့တာ အခုဆို Google, Huawei နဲ႔ Apple က စမတ္ဖုန္း ကင္မရာေလာကမွာ ဆရာၾကီးေတြ ျဖစ္ေနၾကပါျပီ။

နည္းပညာျမွင့္ထားတဲ့ Software ပိုင္းဆိုင္ရာအကူအညီေတြနဲ႔ Detail အရမ္းေကာင္းတဲ့ Exposure ခပ္မိုက္မိုက္နဲ႔ပံုေပါင္းမ်ားစြာနဲ႔ အျပိဳင္အဆုိင္ျဖစ္ေနၾကတဲ့ေခတ္ပါ။ ဒီလုိအျပိဳင္အဆုိင္ေခတ္မွာ နာလန္ထူစျပဳလာတဲ့ Nokia ကေရာ ပါဝင္လာႏုိင္ပါ့မလား?

လာမယ့္ MWC ပြဲမွာ Nokia ကေန ကင္မရာ ၅လံုးပါတဲ့ Nokia 9 PureView ဖုန္းကို မိတ္ဆက္လာပါေတာ့မယ္။ ပြဲမစခင္ မိတ္မဆက္ခင္ ရက္ပိုင္းအလိုမွာပဲ Nokia 9 ရဲ႕ Official ဓာတ္ပံုေတြ ထြက္လာခဲ့ပါျပီ။

Notch မပါတဲ့ Display, အေပၚနဲ႔ေအာက္မွာ ခုေခတ္စမတ္ဖုန္းေတြနဲ႔ယွဥ္ရင္ ထူတယ္လို႔ ထင္ေနရတဲ့ Bezel ေတြ၊ ေက်ာဘက္မွာေတာ့ ကင္မရာ၅လံုးက Down Arrow ပံုစံမ်ိဳးျဖစ္ျပီးေတာ့ က်န္တဲ့ ၂ေပါက္ကေတာ့ AF,PDAF Sensor နဲ႔ LED မီးအတြက္ျဖစ္ပါတယ္။ ေအာက္ဘက္မွာေတာ့ စပီကာေပါက္နဲ႔ USB-C ေပါက္ပါျပီးေတာ့ HMD Global က ထြက္ခဲ့တဲ့ ဖုန္းေတြထဲမွာ Nokia 8 Sirocco ျပီးရင္ 3.5mm နားၾကပ္ေပါက္မပါတဲ့ ဒုတိယေျမာက္ Flagship ဖုန္းတစ္လံုးပါ။

Nokia 9 PureView ကလည္း Android One ဖုန္းတစ္လံုးျဖစ္လာမွာ ျဖစ္တဲ့အတြက္ OS Update ၂ႏွစ္နဲ႔ Security Patchs ကို ၃ႏွစ္ဆက္တိုက္ရေနမွာ ျဖစ္ပါတယ္။ ပံုမွာေတာ့ Fingerprint Scanner လည္းမပါတဲ့အျပင္ Screen ေပၚမွာ လက္ေဗြပံုေလးျပထားတဲ့အတြက္ In-Screen Fingerprint နဲ႔ AMOLED Display နဲ႔ ထြက္လာမွာျဖစ္ပါတယ္။

Specs ေတြအျပင္ ကင္မရာ၅လံုးရဲ႕ အစြမ္းဘယ္ေလာက္ေကာင္းမလဲဆိုတာကေတာ့ အားလံုးစိတ္ဝင္စားၾကတဲ့ အပိုင္းပါ။ Nokia ရဲ႕ Social Media Chief ျဖစ္တ့ဲ Edoardo Cassina ကေတာ့ ဓာတ္ပံုဆရာ Konsta Punkka ရိုက္ခဲ့တဲ့ ကင္မရာ၅လံုးနဲ႔ Nokia 9 ဘယ္ေလာက္ထိစြမ္းေဆာင္ႏုိင္လဲဆိုတာ လွစ္ဟျပေနတဲ့ ဓာတ္ပံုတစ္ပံုကို တင္ခဲ့ပါတယ္။

ဒီဓာတ္ပံုကေတာ့ Compositon အရေရာ ေနနဲ႔ေတာင္တန္းေတြရဲ႕ တည္ရိွမႈအရေရာ အရမ္းကိုလွေနတဲ့ ရိုက္ခ်က္ပါပဲ။ ဒါေပမယ့္ Composition ထက္ပိုအေရးၾကီးတာက သာမန္ဖုန္းတစ္လံုးေလာက္နဲ႔ ဒီေလာက္ Exposure နဲ႔ဓာတ္ပံုတစ္ပံုကို မရိုက္ကူးႏုိင္ဘူးဆိုတာ ပိုေပၚလြင္ေစမွာပါ။ ေနေရာင္ကကင္မရာဘက္ကုိ ထုိးေနတာေတာင္မွ ေတာင္ရဲ႕အရိပ္ေအာက္မွာရိွတဲအရာေလးေတြကိုေတာင္ အေသးစိတ္ျမင္ေနရတာပါ။

App န႔ဲျပင္ထားတယ္လို႔ ဆိုေပမယ့္ အဲ့ေလာက္ Detail ၾကမ္းၾကမ္းနဲ႔ ရဖို႔ဆုိတာကေတာ့ သူ႔ရဲ႕ RAW ေတြေကာင္းလြန္းလို႔ပဲျဖစ္ႏုိင္မွာပါ။ ေသခ်ာတာကေတာ့ ဒီဖုန္းက Dynamic Range အရမ္းျမင့္တဲ့အေျခအေနမ်ိဳးမွာ ေတာ္ေတာ္ၾကီးရိုက္လို႔ေကာင္းမယ့္ဖုန္းတစ္လံုး ျဖစ္ႏုိင္တယ္ဆိုေတာ့ Smartphone Photography သမားေတြအတြက္ ေမွ်ာ္လင့္ခ်က္ထားမိတဲ့ ဖုန္းတစ္လံုးလည္း ျဖစ္ရင္ျဖစ္ေနမွာပါ။

တကယ္ေမွ်ာ္လင့္ထားတဲ့အတုိင္း ျဖစ္ရဲ႕လားဆိုတာကေတာ့ စပိန္နုိင္ငံ ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲမွာမိတ္ဆက္လာမယ့္ Nokia ရဲ႕ ကင္မရာ၅လံုးနဲ႔ Nokia 9 PureView ဖုန္းေလးကိုပဲ ေစာင့္ေမွ်ာ္ၾကရေအာင္…

Source: GsmArena

[Unicode]

ခုနောက်ပိုင်းမှာ စမတ်ဖုန်းတစ်လုံးဟာ ဖုန်းပြောရုံဆိုတာထက်ကို ပိုတဲ့ ဘက်စုံသုံးပစ္စည်းတစ်ခုလိုကို ဖြစ်လာပါပြီ။ နည်းပညာတွေ မြင့်လာတာနဲ့အမျှ စမတ်ဖုန်းတွေရဲ့ ကင်မရာနည်းပညာကလည်း မြန်မြန်ဆန်ဆန်ကြီးကို တိုးတက်လာခဲ့တာ အခုဆို Google, Huawei နဲ့ Apple က စမတ်ဖုန်း ကင်မရာလောကမှာ ဆရာကြီးတွေ ဖြစ်နေကြပါပြီ။

နည်းပညာမြှင့်ထားတဲ့ Software ပိုင်းဆိုင်ရာအကူအညီတွေနဲ့ Detail အရမ်းကောင်းတဲ့ Exposure ခပ်မိုက်မိုက်နဲ့ပုံပေါင်းများစွာနဲ့ အပြိုင်အဆိုင်ဖြစ်နေကြတဲ့ခေတ်ပါ။ ဒီလိုအပြိုင်အဆိုင်ခေတ်မှာ နာလန်ထူစပြုလာတဲ့ Nokia ကရော ပါဝင်လာနိုင်ပါ့မလား?

လာမယ့် MWC ပွဲမှာ Nokia ကနေ ကင်မရာ ၅လုံးပါတဲ့ Nokia 9 PureView ဖုန်းကို မိတ်ဆက်လာပါတော့မယ်။ ပွဲမစခင် မိတ်မဆက်ခင် ရက်ပိုင်းအလိုမှာပဲ Nokia 9 ရဲ့ Official ဓာတ်ပုံတွေ ထွက်လာခဲ့ပါပြီ။

Notch မပါတဲ့ Display, အပေါ်နဲ့အောက်မှာ ခုခေတ်စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ထူတယ်လို့ ထင်နေရတဲ့ Bezel တွေ၊ ကျောဘက်မှာတော့ ကင်မရာ၅လုံးက Down Arrow ပုံစံမျိုးဖြစ်ပြီးတော့ ကျန်တဲ့ ၂ပေါက်ကတော့ AF,PDAF Sensor နဲ့ LED မီးအတွက်ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ စပီကာပေါက်နဲ့ USB-C ပေါက်ပါပြီးတော့ HMD Global က ထွက်ခဲ့တဲ့ ဖုန်းတွေထဲမှာ Nokia 8 Sirocco ပြီးရင် 3.5mm နားကြပ်ပေါက်မပါတဲ့ ဒုတိယမြောက် Flagship ဖုန်းတစ်လုံးပါ။

Nokia 9 PureView ကလည်း Android One ဖုန်းတစ်လုံးဖြစ်လာမှာ ဖြစ်တဲ့အတွက် OS Update ၂နှစ်နဲ့ Security Patchs ကို ၃နှစ်ဆက်တိုက်ရနေမှာ ဖြစ်ပါတယ်။ ပုံမှာတော့ Fingerprint Scanner လည်းမပါတဲ့အပြင် Screen ပေါ်မှာ လက်ဗွေပုံလေးပြထားတဲ့အတွက် In-Screen Fingerprint နဲ့ AMOLED Display နဲ့ ထွက်လာမှာဖြစ်ပါတယ်။

Specs တွေအပြင် ကင်မရာ၅လုံးရဲ့ အစွမ်းဘယ်လောက်ကောင်းမလဲဆိုတာကတော့ အားလုံးစိတ်ဝင်စားကြတဲ့ အပိုင်းပါ။ Nokia ရဲ့ Social Media Chief ဖြစ်တဲ့ Edoardo Cassina ကတော့ ဓာတ်ပုံဆရာ Konsta Punkka ရိုက်ခဲ့တဲ့ ကင်မရာ၅လုံးနဲ့ Nokia 9 ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုတာ လှစ်ဟပြနေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

ဒီဓာတ်ပုံကတော့ Compositon အရရော နေနဲ့တောင်တန်းတွေရဲ့ တည်ရှိမှုအရရော အရမ်းကိုလှနေတဲ့ ရိုက်ချက်ပါပဲ။ ဒါပေမယ့် Composition ထက်ပိုအရေးကြီးတာက သာမန်ဖုန်းတစ်လုံးလောက်နဲ့ ဒီလောက် Exposure နဲ့ဓာတ်ပုံတစ်ပုံကို မရိုက်ကူးနိုင်ဘူးဆိုတာ ပိုပေါ်လွင်စေမှာပါ။ နေရောင်ကကင်မရာဘက်ကို ထိုးနေတာတောင်မှ တောင်ရဲ့အရိပ်အောက်မှာရှိတဲအရာလေးတွေကိုတောင် အသေးစိတ်မြင်နေရတာပါ။

App နဲ့ပြင်ထားတယ်လို့ ဆိုပေမယ့် အဲ့လောက် Detail ကြမ်းကြမ်းနဲ့ ရဖို့ဆိုတာကတော့ သူ့ရဲ့ RAW တွေကောင်းလွန်းလို့ပဲဖြစ်နိုင်မှာပါ။ သေချာတာကတော့ ဒီဖုန်းက Dynamic Range အရမ်းမြင့်တဲ့အခြေအနေမျိုးမှာ တော်တော်ကြီးရိုက်လို့ကောင်းမယ့်ဖုန်းတစ်လုံး ဖြစ်နိုင်တယ်ဆိုတော့ Smartphone Photography သမားတွေအတွက် မျှော်လင့်ချက်ထားမိတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ရင်ဖြစ်နေမှာပါ။

တကယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ရဲ့လားဆိုတာကတော့ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲမှာမိတ်ဆက်လာမယ့် Nokia ရဲ့ ကင်မရာ၅လုံးနဲ့ Nokia 9 PureView ဖုန်းလေးကိုပဲ စောင့်မျှော်ကြရအောင်…

Source: GsmArena