[Zawgyi]

Nokia 9 PureView ကို လာမယ့္ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ျဖစ္တဲ့ MWC ပြဲက်င္းပခ်ိန္မွာ တရားဝင္မိတ္ဆက္ျပသမယ္လို႔ ေျပာေနခဲ့ၾကတာပါ။ အခ်ိဳ႕ကလည္း ဒီပြဲမတိုင္မီေတာင္ ႀကိဳတင္ၿပီး မိတ္ဆက္မယ္လို႔ ဆိုၾကပါတယ္။

Nokia 9 PureView နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ စက္တင္ဘာေလာက္ကတည္းက ထြက္ေပၚေနခဲ့တာပါ။ ေက်ာဘက္မွာ ကင္မရာ ငါးလုံးတပ္ထားမယ္ဆိုၿပီး သတင္းစထြက္ကတည္းက အားလုံးရဲ႕ အာ႐ုံစိုက္မႈကို ရယူၿပီးနာမည္ႀကီးခဲ့တာပါ။ တကယ္လည္း ႀကိဳတင္သတင္းအတိုင္း ကင္မရာ ငါးလုံးနဲ႔ ျဖစ္ခဲ့ပါတယ္။

ထြက္ခဲ့တဲ့ သတင္းေတြအားလုံးကို စုစည္းလိုက္မယ္ဆိုရင္ Nokia 9 PureView ဟာ 6-inch မ်က္ႏွာျပင္၊ 18:9 အခ်ိဳး ျဖစ္ၿပီး Bezels ေတြ Chin ေတြကေတာ့ သမား႐ိုးက်ဖုန္းေတြအတိုင္း ခပ္ႀကီးႀကီးျဖစ္ပါတယ္။ မ်က္ႏွာျပင္ဘက္ပိုင္းက သိပ္ၿပီးစိတ္ဝင္စားစရာမေကာင္းေပမယ့္ ေက်ာဘက္ကင္မရာ ငါးလုံးကပဲ အဓိက ဇာတ္လိုက္လို ျဖစ္ေနတာပါ။

အတြင္းအစိတ္အပိုင္းကိုၾကည့္မယ္ဆိုရင္ေတာ့ Qualcomm ရဲ႕ flagship processor ျဖစ္တဲ့ Snapdragon 845 ကို သုံးထားတယ္လို႔ ဆိုပါတယ္။ သိုေလွာင္မႈပမာဏက 128GB ေလာက္ျဖစ္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ေပမယ့္ မန္မိုရီကိုေတာ့ 4GB RAM သာသုံးထားတယ္လို႔ သိရပါတယ္။ ဒီသတင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Nokia 9 PureView ကို အနည္းငယ္ စိတ္ပ်က္မိတယ္လို႔ပဲ ဆိုရမွာပါ။

၂၀၁၉ ခုႏွစ္မွာ တန္းဝင္စမတ္ဖုန္းေကာင္း တစ္လုံးအတြက္ 4GB RAM ဆိုတာက နည္းလြန္းတယ္လို႔ ဆိုရပါလိမ့္မယ္။ ဒါ့အျပင္ Nokia 9 PureView ရဲ႕ ခန႔္မွန္းေဈးႏႈန္းျဖစ္တဲ့ €749 ကေန €799 ၾကား (ျမန္မာေငြ ၁၃ သိန္းဝန္းက်င္ကေန ၁၄ သိန္း ဝန္းက်င္) နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္လည္း 4GB RAM က နည္းလြန္းေနပါတယ္။ 6GB RAM နဲ႔ အမ်ိဳးအစားလည္း သီးသန႔္ထြက္ဦးမယ္လို႔ေတာ့ သတင္းထြက္ထားတယ္ဆိုေပမယ့္ 4GB RAM ကို ၁၃ သိန္းနီးပါး ေပးရမယ္ဆိုရင္ေတာ့ ေပ်ာ္ဖို႔မေကာင္းဘူးလို႔ပဲ ဆိုရမွာပါ။

အျခားအခ်က္အလက္ေတြအျဖစ္ NFC ေထာက္ပံ့ထားၿပီး Android 9 Pie နဲ႔ ျဖစ္မယ္ဆိုတာရယ္ 4,000mAh ပမာဏ ဘက္ထရီကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ ကိုယ္ထည္ကေတာ့ Metal ကို Glass နဲ႔ ဖုံးအုပ္ထားဖြယ္ရွိပါတယ္။

Ref: Phone Arena

[Unicode]

ကျောဘက်ကင်မရာ ၅ လုံးပေမယ့် 4GB RAM နဲ့ထွက်လာနိုင်တယ်ဆိုတဲ့ Nokia 9 PureView

Nokia 9 PureView ကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ဖြစ်တဲ့ MWC ပွဲကျင်းပချိန်မှာ တရားဝင်မိတ်ဆက်ပြသမယ်လို့ ပြောနေခဲ့ကြတာပါ။ အချို့ကလည်း ဒီပွဲမတိုင်မီတောင် ကြိုတင်ပြီး မိတ်ဆက်မယ်လို့ ဆိုကြပါတယ်။

Nokia 9 PureView နဲ့ပတ်သက်တဲ့ ကောလာဟလတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလောက်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ ကျောဘက်မှာ ကင်မရာ ငါးလုံးတပ်ထားမယ်ဆိုပြီး သတင်းစထွက်ကတည်းက အားလုံးရဲ့ အာရုံစိုက်မှုကို ရယူပြီးနာမည်ကြီးခဲ့တာပါ။ တကယ်လည်း ကြိုတင်သတင်းအတိုင်း ကင်မရာ ငါးလုံးနဲ့ ဖြစ်ခဲ့ပါတယ်။

ထွက်ခဲ့တဲ့ သတင်းတွေအားလုံးကို စုစည်းလိုက်မယ်ဆိုရင် Nokia 9 PureView ဟာ 6-inch မျက်နှာပြင်၊ 18:9 အချိုး ဖြစ်ပြီး Bezels တွေ Chin တွေကတော့ သမားရိုးကျဖုန်းတွေအတိုင်း ခပ်ကြီးကြီးဖြစ်ပါတယ်။ မျက်နှာပြင်ဘက်ပိုင်းက သိပ်ပြီးစိတ်ဝင်စားစရာမကောင်းပေမယ့် ကျောဘက်ကင်မရာ ငါးလုံးကပဲ အဓိက ဇာတ်လိုက်လို ဖြစ်နေတာပါ။

အတွင်းအစိတ်အပိုင်းကိုကြည့်မယ်ဆိုရင်တော့ Qualcomm ရဲ့ flagship processor ဖြစ်တဲ့ Snapdragon 845 ကို သုံးထားတယ်လို့ ဆိုပါတယ်။ သိုလှောင်မှုပမာဏက 128GB လောက်ဖြစ်မယ်လို့ မျှော်လင့်နိုင်ပေမယ့် မန်မိုရီကိုတော့ 4GB RAM သာသုံးထားတယ်လို့ သိရပါတယ်။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Nokia 9 PureView ကို အနည်းငယ် စိတ်ပျက်မိတယ်လို့ပဲ ဆိုရမှာပါ။

၂၀၁၉ ခုနှစ်မှာ တန်းဝင်စမတ်ဖုန်းကောင်း တစ်လုံးအတွက် 4GB RAM ဆိုတာက နည်းလွန်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် Nokia 9 PureView ရဲ့ ခန့်မှန်းဈေးနှုန်းဖြစ်တဲ့ €749 ကနေ €799 ကြား (မြန်မာငွေ ၁၃ သိန်းဝန်းကျင်ကနေ ၁၄ သိန်း ဝန်းကျင်) နဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း 4GB RAM က နည်းလွန်းနေပါတယ်။ 6GB RAM နဲ့ အမျိုးအစားလည်း သီးသန့်ထွက်ဦးမယ်လို့တော့ သတင်းထွက်ထားတယ်ဆိုပေမယ့် 4GB RAM ကို ၁၃ သိန်းနီးပါး ပေးရမယ်ဆိုရင်တော့ ပျော်ဖို့မကောင်းဘူးလို့ပဲ ဆိုရမှာပါ။

အခြားအချက်အလက်တွေအဖြစ် NFC ထောက်ပံ့ထားပြီး Android 9 Pie နဲ့ ဖြစ်မယ်ဆိုတာရယ် 4,000mAh ပမာဏ ဘက်ထရီကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ကိုယ်ထည်ကတော့ Metal ကို Glass နဲ့ ဖုံးအုပ်ထားဖွယ်ရှိပါတယ်။

Ref: Phone Arena