[Zawgyi]

ၾသဂုတ္လတုန္းကပဲ HMD Global ကေန Microsoft ရဲ႕ PureView ကုန္အမွတ္တံဆိပ္ကို ဝယ္ခဲ့တဲ့အတြက္ေၾကာင့္ အခုဆို Nokia အေနနဲ႔ သူ႔ရဲ႕စမတ္ဖုန္းတစ္ခ်ိဳ႕မွာသံုးထားတဲ့ ကင္မရာ Brand နဲ႔ ျပန္လည္တြဲဖက္ျမင္ရေတာ့မွာပါ။ ဒါေပမယ့္ ဝယ္လိုက္တယ္ဆိုတာထိပဲ သိပါေသးတယ္။ သူ႔ရဲ႕ ေနာက္လာမယ့္ စမတ္ဖုန္းေတြမွာ တကယ္သံုးမယ္ မသံုးမယ္ အာမမခံႏုိင္ေသးပါဘူး။ ဘာကိုမွ အတိအက်မသိရေသးေပမယ့္လည္း ယံုၾကည္ရတဲ့သတင္းတစ္ခုကေတာ့ HMD ရဲ႕ ေနာက္လာမယ့္ Flagship ဖုန္းရဲ႕နာမည္က Nokia 9 PureView ျဖစ္မယ္လို႔ေတာ့ ေျပာထားပါတယ္။

ဒီနာမည္ၾကားလိုက္တာနဲ႔ တျခား ဘာမွစဥ္းစားမိမွာမဟုတ္ပါဘူး။ ေသခ်ာပါတယ္ Nokia 9 PureView ဟာ အမိုက္စား အလန္းစား ကင္မရာ Feature ၾကီးေတြနဲ႔လာမယ္လို႔ တန္းေတြးျပီးသားျဖစ္မွာပါ။ PureView ဆိုတဲ့နာမည္နဲ႔ သူ႔ရဲ႕ Feature ေတြက စမတ္ဖုန္းအသံုးျပဳသူေတြၾကားမွာ ႏွစ္ေပါင္းမ်ားစြာမ်ားစြာ နာမည္ၾကီးေရပန္းစားခဲ့တာျဖစ္လို႔ Nokia 9 PureView သာ သူနဲ႔တြဲဖက္ထြက္လာရင္ေတာ့ ကင္မရာပိုင္းရွယ္ပဲျဖစ္ေနမယ္လို႔ ထင္ပါတယ္။ ခုခ်ိန္ထိစုမိေဆာင္းမိသေလာက္သတင္းေတြအရဆို Nokia 9 ဟာ Nokia 808 PureView ရဲ႕ ေနာက္ဆက္တြဲဖုန္းတစ္လံုးျဖစ္ႏုိင္ပါတယ္။

အရင္ ထြက္ခဲ့တဲ့ေကာလဟလေတြအတိုင္း Nokia 9 ဟာ ကင္မရာ ၅လုံုးနဲ႔ထြက္လာမယ္လို႔ အားလံုးမွန္းထားျပီးသားပါ။ Nokia 808 PureView လုိပဲ ဒီတစ္ေခါက္ Flagship ဖုန္းကလည္း Zeiss ကင္မရာ Lens နဲ႔လာမယ္လို႔ေတာ့ Rumors ေတြအရ သိထားပါတယ္။

တကယ္ဆို ေက်ာဘက္ကင္မရာ ၅လံုးျပဴးနဲ႔ Nokia 9 အေၾကာင္းသတင္းထြက္ေနတာ ၾကာပါျပီ။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ေနာက္ႏွစ္မွျမင္ရႏုိင္ေခ်ရိွပါေတာ့မယ္။ ဘယ္ခ်ိန္မွပဲလာပါေစ. PureView ျဖစ္ေနတာကိုက Nokia 9 ရဲ႕ စြဲေဆာင္မႈတစ္ခုပါပဲ။ ေတာ္ေတာ္ေတာ့စိတ္လႈပ္ရွားဖို႔ေကာင္းေနပါျပီ။

Ref: PhoneArena

[Unicode]

သြဂုတ်လတုန်းကပဲ HMD Global ကနေ Microsoft ရဲ့ PureView ကုန်အမှတ်တံဆိပ်ကို ဝယ်ခဲ့တဲ့အတွက်ကြောင့် အခုဆို Nokia အနေနဲ့ သူ့ရဲ့စမတ်ဖုန်းတစ်ချို့မှာသုံးထားတဲ့ ကင်မရာ brand နဲ့ ပြန်လည်တွဲဖက်မြင်ရတော့မှာပါ။ ဒါပေမယ့် ဝယ်လိုက်တယ်ဆိုတာထိပဲ သိပါသေးတယ်။ သူ့ရဲ့ နောက်လာမယ့် စမတ်ဖုန်းတွေမှာ တကယ်သုံးမယ် မသုံးမယ် အာမမခံနိုင်သေးပါဘူး။ ဘာကိုမှ အတိအကျမသိရသေးပေမယ့်လည်း ယုံကြည်ရတဲ့သတင်းတစ်ခုကတော့ HMD ရဲ့ နောက်လာမယ့် Flagship ဖုန်းရဲ့နာမည်က Nokia 9 PureView ဖြစ်မယ်လို့တော့ ပြောထားပါတယ်။

ဒီနာမည်ကြားလိုက်တာနဲ့ တခြား ဘာမှစဉ်းစားမိမှာမဟုတ်ပါဘူး။ သေချာပါတယ် Nokia 9 PureView ဟာ အမိုက်စား အလန်းစား ကင်မရာ Feature ကြီးတွေနဲ့လာမယ်လို့ တန်းတွေးပြီးသားဖြစ်မှာပါ။ PureView ဆိုတဲ့နာမည်နဲ့ သူ့ရဲ့ Feature တွေက စမတ်ဖုန်းအသုံးပြုသူတွေကြားမှာ နှစ်ပေါင်းများစွာများစွာ နာမည်ကြီးရေပန်းစားခဲ့တာဖြစ်လို့ Nokia 9 PureView သာ သူနဲ့တွဲဖက်ထွက်လာရင်တော့ ကင်မရာပိုင်းရှယ်ပဲဖြစ်နေမယ်လို့ ထင်ပါတယ်။ ခုချိန်ထိစုမိဆောင်းမိသလောက်သတင်းတွေအရဆို Nokia 9 ဟာ Nokia 808 PureView ရဲ့ နောက်ဆက်တွဲဖုန်းတစ်လုံးဖြစ်နိုင်ပါတယ်။

အရင် ထွက်ခဲ့တဲ့ကောလဟလတွေအတိုင်း Nokia 9 ဟာ ကင်မရာ ၅လုံးနဲ့ထွက်လာမယ်လို့ အားလုံးမှန်းထားပြီးသားပါ။ Nokia 808 PureView လိုပဲ ဒီတစ်ခေါက် Flagship ဖုန်းကလည်း Zeiss ကင်မရာ Lens နဲ့လာမယ်လို့တော့ Rumors တွေအရ သိထားပါတယ်။

တကယ်ဆို ကျောဘက်ကင်မရာ ၅လုံးပြူးနဲ့ Nokia 9 အကြောင်းသတင်းထွက်နေတာ ကြာပါပြီ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ နောက်နှစ်မှမြင်ရနိုင်ချေရှိပါတော့မယ်။ ဘယ်ချိန်မှပဲလာပါစေ. PureView ဖြစ်နေတာကိုက Nokia 9 ရဲ့ စွဲဆောင်မှုတစ်ခုပါပဲ။ တော်တော်တော့စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ။

Ref: PhoneArena