Nokia ရဲ့ အရင်တုန်းက 41MP Camera တပ်ထားတဲ့ Lumia ဖုန်းတွေကို မှတ်မိကြဦးမှာပါ။ အခုအချိန်မှာတော့ HMD Global ကနေ အဲ့ဒီ 41MP Camera ကို Nokia 9 စမတ်ဖုန်းမှာ ပြန်လည်ယူဆောင်လာတော့မှာပါ။

အခု Nokia 9 စမတ်ဖုန်းဟာ 41MP Camera ၁ လုံးထဲပါဝင်မှာမဟုတ်ပါဘူး။ 41MP Zeiss Lens အပြင် 20MP Camera နဲ့ 9.7MP Camera တွေကိုပါ စုစုပေါင်း ကင်မရာ ၃ လုံးကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားမှာဖြစ်ပါတယ်။ Selfie Cmaera ကလည်း 21MP Zeiss Lens တပ်ဆင်ထားပါသေးတယ်။

Specifications တွေအနေနဲ့ကတော့ 6.01″ AMOLED Display ၊ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Wireless Charging စနစ်ကိုပါ အသုံးပြုနိုင်ဦးမှာပါ။

Nokia 9 စမတ်ဖုန်းဟာ IP68 Rating ရှိပြီး ရေစိုခံနိုင်တဲ့အပြင် Under-Display Fingerprint Sensor နဲ့အတူ 3900mAh Battery ကိုပါတပ်ဆင်ထားမယ်လို့ သိရပါတယ်။

Nokia 9 စမတ်ဖုန်းဟာ ယခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရောင်းချမယ်လို့ ယူဆရပါတယ်။