Zawgyi Font Version






Unicode Version

ဒါကတော့ နည်းနည်းများသွားပြီ။ အနောက်ဘက် Camera ငါးလုံးဆိုတာက ကြားတောင်မကြားဖူးသေးတာပါ။ Huawei ရဲ့ P 20 Pro မှာတောင် Camera သုံးလုံးပဲပါတာပါ။ ဒီသတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်း Source တစ်ခုကနေထွက်လာတာဖြစ်ပြီး Leaked Image တွေဟာလည်း အစစ်အမှန်တွေပါ။

Nokia 9 ဟာ HMD Global ကနေ တတိယမြောက် ထုတ်လုပ်မယ့် Nokia Flagship ဖုန်းဖြစ်ပါတယ်။ Camera module မှာ RGB Lens တွေ Telephoto Lens တွေ Monochrome Lens တွေနဲ့ Wide Angle Lens တစ်ခုပါထည့်ထားပေးနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

HMD Global ရဲ့ တတိယမြောက် Flagship ဟာ Spec တွေအရ Flagship Killer လို့ကြွေးကြော်နေပြီး Camera အကောင်းဆုံးဖုန်းဖြစ်လာပြီး LG ရဲ့နောက်ထွက်မယ့် LG V40 ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမှာပါ။ 2018 ရဲ့ Flagship SoC ဖြစ်တဲ့ Snapdragon 845 ကိုပဲသုံးသွားမှာဖြစ်ပါတယ်။

HMD Global ဟာ Microsoft ဆီကနေ Nokia ကိုဝယ်ယူပြီးနောက်ပိုင်းမှာ Nokia 8 ဆိုတဲ့ Snapdragon 835 သုံး Flagship Device ကိုထုတ်ခဲ့ပြီး Nokia 8 Sirocco ဆိုပြီး Snapdragon 835 ပဲသုံးထားတဲ့ Flagship နောက်တစ်လုံးထပ်ထုတ်ထားပါသေးတယ်။

Nokia 8 ဟာ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ အခုနောက်ဆုံးထုတ်မယ့် Camera ငါးလုံးနဲ့ Nokia 9 ကတော့ ကြွေးကြော်ထားတဲ့ အတိုင်း အောင်မြင်မလား ကျရှုံးမလားဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

Ref: XDA News