[Zawgyi]

ကင္မရာ ၅လံုးျပဴးနဲ႔ Nokia 9 ကေတာ့ မထြက္ခင္ကတည္းက ျဖစ္ႏုိင္ပါ့မလား ထြက္လာခ်ိန္မွာေရာ တကယ္စိတ္ဝင္စားဖို႔ေကာင္းပါ့မလားဆိုတဲ့ အေတြးေတြနဲ႔ လူေတြကို ေမွ်ာ္တလင့္လင့္ျဖစ္ေနေစခဲ့တာပါ။ Nokia ကိုျပန္လည္ ဦးေမာ့ႏုိင္ေအာင္ ၾကိဳးစားၾကကတည္းက HMD Global က သူ႔ရဲ႕ Nokia စမတ္ဖုန္းေတြကို ေတာ္ေတာ္ေလးဂရုစိုက္လာၾကတာကို ေတြ႔ရပါတယ္။

Update ျမန္ျမန္ဆန္ဆန္ရတာေတြ Security Patch ေတြ လစဥ္ မွန္မွန္ရတာနဲ႔ Stock Android နီးနီးျဖစ္ေနတာေတြေၾကာင့္ စိတ္ဝင္စားမႈ တစ္ဖန္ျပန္ရလာတဲ့ ဖုန္းေတြျဖစ္ျပီး အခုလည္း ေနာက္ထပ္မွတ္တုိင္တစ္ခုထူဖို႔ MWC ပြဲမွာ စိတ္ဝင္စားစရာတစ္ခုကို ခ်ျပလိုက္ပါတယ္။

အားလံုးသိျပီးသားျဖစ္ေပမယ့္လည္း စိတ္ဝင္စားေနၾကတဲ့ ကင္မရာ ၅လံုးျပဴးနဲ႔ Nokia 9 ေလးပါပဲ။ Qualcomm ရဲ႕ မႏွစ္က Snapdragon 845 Chipset ကိုပဲ သံုးထားတာျဖစ္ေပမယ့္ ကင္မရာပိုင္းကေတာ့ ခုခ်ိန္ထိ ဘယ္ Android စမတ္ဖုန္းမွာမွ မျမင္ဖူးေသးတဲ့ ကင္မရာ၅လံုးျဖစ္ေနတာအျပင္ သူ႔ရဲ႕ ရလဒ္ကို ေစာင့္ေမွ်ာ္ၾကည့္ခ်င္ေနၾကပါျပီ။

Specs ေတြကို ေျပာရမယ္ဆိုရင္ေတာ့ 5.99-inch ကိုမွ 1440× 2880p OLED Display နဲ႔ျဖစ္ျပီး RAM 6GB, Internal Storage 128GB နဲ႔ပါ။ Snapdragon 845 ကိုသံုးထားျပီးေတာ့ 3,320mAh Battery ကိုမွ Wireless Charging ကိုပါ ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

Leak ေတြထြက္ထားတဲ့အတုိင္း In-Display Fingerprint ကိုသံုးထားျပီးးေတာ့ 20MP Selfie Camera နဲ႔Android One ဖုနး္အေနနဲ႔ ထြက္လာမွာဆိုေတာ့ Software Update 2ႏွစ္ေလာက္ရျပီး Security Patch Update ေတြကိုေတာ့ လစဥ္ ၃ႏွစ္ေလာက္ ရေနမွာပါ။ IP67 ေလးရထားတာကေတာ့ အပိုဆုပါပဲ။

အဓိက ေျပာရမယ့္အပိုင္းကေတာ့ ေနာက္ကင္မရာ ၅လံုးပါပဲ။ 12MP (f/1.8) Monochrome Camera ၃လံုးနဲ႔ 12MP (f/1.8) RGB Camera ၂လံုးသံုးထားတာျဖစ္ျပီး အဲ့ေလာက္အမ်ားၾကီးထည့္တာ မလိုအပ္ဘူးလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမယ့္ ထြက္လာတဲ့ရလဒ္အရဆို Monochrome Sensor တစ္ခုစီက အလင္းကို ၂.၉ဆ ပိုသယ္ႏုိင္တဲ့အတြက္ Sensor တစ္ခုတည္းကရႏုိင္တဲ့အလင္းဆက္ ၁၀ဆေလာက္ပိုလင္းသြားတာပါ။ Sensor ေတြကေတာ့ Dynamic Range န႔ဲ Depth-of-Field ကို ေကာင္းေကာင္းေမွ်ာ္လင့္ေနသူေတြအတြက္ စိတ္ေက်နပ္စရာျဖစ္ႏုိင္ပါတယ္။

ကင္မရာ Sensor ေတြတင္မကဘဲ Imaging Company ျဖစ္တဲ့ Light ဆီက နည္းပညာေတြေၾကာင့္လည္း ပါပါတယ္။ ကင္မရာ၅လံုးလံုးကို အတူတကြအလုပ္လုပ္ႏုိင္ေအာင္ Light Lux Capacitor ကို ထပ္တပ္ဆင္ထားျပီး Qualcomm ရဲ႕ Snapdragon 845 ရဲ႕ တြက္ခ်က္ႏုိင္စြမ္းကို သူ႔ရဲ႕ Heterogeneous Computing Architecture န႔ဲအျပည့္အဝ ေပါင္းစပ္အသံုးခ်ထားတာျဖစ္လို႔ ထြက္လာမယ့္ Result ေလးေတြက ေတာ္ေတာ္ေလးစိတ္ဝင္စားဖုိ႔ ေကာင္းေနပါျပီ။ မၾကာခင္မွာေတာ့ Camera Test ေတြနဲ႔ တန္းစီေပၚလာေတာ့မယ့္ သတင္းပံုေတြဗီဒီယိုေတြကို ထုိင္ေစာင့္ၾကည့္ဖို႔အခ်ိန္ ေရာက္လာခဲ့ပါျပီ။

Source: XDADeveloper

[Unicode]

ကင်မရာ ၅လုံးပြူးနဲ့ Nokia 9 ကတော့ မထွက်ခင်ကတည်းက ဖြစ်နိုင်ပါ့မလား ထွက်လာချိန်မှာရော တကယ်စိတ်ဝင်စားဖို့ကောင်းပါ့မလားဆိုတဲ့ အတွေးတွေနဲ့ လူတွေကို မျှော်တလင့်လင့်ဖြစ်နေစေခဲ့တာပါ။ Nokia ကိုပြန်လည် ဦးမော့နိုင်အောင် ကြိုးစားကြကတည်းက HMD Global က သူ့ရဲ့ Nokia စမတ်ဖုန်းတွေကို တော်တော်လေးဂရုစိုက်လာကြတာကို တွေ့ရပါတယ်။

Update မြန်မြန်ဆန်ဆန်ရတာတွေ Security Patch တွေ လစဉ် မှန်မှန်ရတာနဲ့ Stock Android နီးနီးဖြစ်နေတာတွေကြောင့် စိတ်ဝင်စားမှု တစ်ဖန်ပြန်ရလာတဲ့ ဖုန်းတွေဖြစ်ပြီး အခုလည်း နောက်ထပ်မှတ်တိုင်တစ်ခုထူဖို့ MWC ပွဲမှာ စိတ်ဝင်စားစရာတစ်ခုကို ချပြလိုက်ပါတယ်။

အားလုံးသိပြီးသားဖြစ်ပေမယ့်လည်း စိတ်ဝင်စားနေကြတဲ့ ကင်မရာ ၅လုံးပြူးနဲ့ Nokia 9 လေးပါပဲ။ Qualcomm ရဲ့ မနှစ်က Snapdragon 845 Chipset ကိုပဲ သုံးထားတာဖြစ်ပေမယ့် ကင်မရာပိုင်းကတော့ ခုချိန်ထိ ဘယ် Android စမတ်ဖုန်းမှာမှ မမြင်ဖူးသေးတဲ့ ကင်မရာ၅လုံးဖြစ်နေတာအပြင် သူ့ရဲ့ ရလဒ်ကို စောင့်မျှော်ကြည့်ချင်နေကြပါပြီ။

Specs တွေကို ပြောရမယ်ဆိုရင်တော့ 5.99-inch ကိုမှ 1440× 2880p OLED Display နဲ့ဖြစ်ပြီး RAM 6GB, Internal Storage 128GB နဲ့ပါ။ Snapdragon 845 ကိုသုံးထားပြီးတော့ 3,320mAh Battery ကိုမှ Wireless Charging ကိုပါ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Leak တွေထွက်ထားတဲ့အတိုင်း In-Display Fingerprint ကိုသုံးထားပြီးးတော့ 20MP Selfie Camera နဲ့Android One ဖုန်းအနေနဲ့ ထွက်လာမှာဆိုတော့ Software Update 2နှစ်လောက်ရပြီး Security Patch Update တွေကိုတော့ လစဉ် ၃နှစ်လောက် ရနေမှာပါ။ IP67 လေးရထားတာကတော့ အပိုဆုပါပဲ။

အဓိက ပြောရမယ့်အပိုင်းကတော့ နောက်ကင်မရာ ၅လုံးပါပဲ။ 12MP (f/1.8) Monochrome Camera ၃လုံးနဲ့ 12MP (f/1.8) RGB Camera ၂လုံးသုံးထားတာဖြစ်ပြီး အဲ့လောက်အများကြီးထည့်တာ မလိုအပ်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ထွက်လာတဲ့ရလဒ်အရဆို Monochrome Sensor တစ်ခုစီက အလင်းကို ၂.၉ဆ ပိုသယ်နိုင်တဲ့အတွက် Sensor တစ်ခုတည်းကရနိုင်တဲ့အလင်းဆက် ၁၀ဆလောက်ပိုလင်းသွားတာပါ။ Sensor တွေကတော့ Dynamic Range နဲ့ Depth-of-Field ကို ကောင်းကောင်းမျှော်လင့်နေသူတွေအတွက် စိတ်ကျေနပ်စရာဖြစ်နိုင်ပါတယ်။

ကင်မရာ Sensor တွေတင်မကဘဲ Imaging Company ဖြစ်တဲ့ Light ဆီက နည်းပညာတွေကြောင့်လည်း ပါပါတယ်။ ကင်မရာ၅လုံးလုံးကို အတူတကွအလုပ်လုပ်နိုင်အောင် Light Lux Capacitor ကို ထပ်တပ်ဆင်ထားပြီး Qualcomm ရဲ့ Snapdragon 845 ရဲ့ တွက်ချက်နိုင်စွမ်းကို သူ့ရဲ့ Heterogeneous Computing Architecture နဲ့အပြည့်အဝ ပေါင်းစပ်အသုံးချထားတာဖြစ်လို့ ထွက်လာမယ့် Result လေးတွေက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ မကြာခင်မှာတော့ Camera Test တွေနဲ့ တန်းစီပေါ်လာတော့မယ့် သတင်းပုံတွေဗီဒီယိုတွေကို ထိုင်စောင့်ကြည့်ဖို့အချိန် ရောက်လာခဲ့ပါပြီ။