Unicode
Nokia ကို HMD Global ကနေ ဝယ်ယူလိုက်ပြီးနောက်ပိုင်းမှာ Nokia စမတ်ဖုန်းတွေက Model Number အနေနဲ့ Nokia 3.1 ၊ 7.2 စသဖြင့် နံပါတ်တွေနဲ့ပဲ ဖြစ်သွားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Nokia ကနေ ယခင်တုန်းက အောင်မြင်တဲ့ Series တစ်ခုဖြစ်တဲ့ C Series ဖုန်းသစ် Nokia C1 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။
Nokia C1 စမတ်ဖုန်းဟာဆိုရင် Africa ၊ Middle East နဲ့ Asia Pacific Region တွေကို အဓိကရည်ရွယ်တဲ့ Budget ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီးတော့ Nokia ကတော့ ယခင် Feature ဖုန်းတွေ၊ Keypad ဖုန်းတွေအသုံးပြုနေတဲ့သူတွေအတွက် Upgrade လုပ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ စျေးနှုန်းအနေနဲ့လည်း လက်ရှိ Kenya မှာ ရောင်းချတဲ့စျေးက ဒေါ်လာ ၆၀ ဝန်းကျင်ပဲရှိတဲ့အတွက် မြန်မာငွေ ၉ သောင်းဝန်းကျင်ပဲ ကျသင့်မှာလည်းဖြစ်ပါတယ်။
Nokia C1 ဟာ Nokia ကနေ မိတ်ဆက်ထားပြီးဖြစ်တဲ့ Nokia 1 Plus နဲ့ အများအပြားတူညီပြီးတော့ 5.45″ ရှိတဲ့ FWVGA+ Display ၊ 1.3GHz Quad-Core Processor ၊ 1GB RAM နဲ့ 16GB Storage ပါဝင်မှာပါ။ Camera ပိုင်းအနေနဲ့ကတော့ 5MP Back Camera အပြင် 5MP Selfie Camera လည်းပါဝင်မယ်လို့ သိရပါတယ်။
ဒ့ါအပြင် Google Assistant Button ၊ MicroSD Card Slot ၊ Dual SIM Support ၊ Audio Jack ၊ FM Radio နဲ့ GPS Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 4G LTE ကိုတော့ Support ပြုလုပ်မှာမဟုတ်ဘဲ 3G ကိုပဲ အသုံးပြုနိုင်မှာပါ။
Nokia C1 စမတ်ဖုန်းဟာ Android 9 Pie Go Edition ကို အသုံးပြုထားပြီးတော့ Android Go OS ဖုန်းတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ YouTube Go ၊ Gallery Go လိုမျိုး App တွေပါဝင်မှာဖြစ်တဲ့အတွက် Feature ဖုန်းတစ်ခုထက်ပိုတဲ့ Budget ဖုန်းတစ်ခုအနေနဲ့တော့ ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာမှာပါ။
Ref – Gizmo China
Zawgyi
Ref – Gizmo China