Nokia ဟာ Nokia 8.3 5G ကို ကြေညာလိုက်သလို အခြား စမတ်ဖုန်းနှစ်မျိုးဖြစ်တဲ့ Nokia 5.3 နဲ့ Nokia 1.3 တွေကိုလည်း တစ်ပါတည်း ကြေညာခဲ့ပါတယ်။ Mid-ranger ဖြစ်တဲ့ 5.3 ကတော့ Android 10 မောင်းနှင်ပြီး Entry-level ဖြစ်တဲ့ 1.3 ကတော့ Android Go Edition ဖြစ်ပါတယ်။

Nokia 5.3 ဟာ 6.55-inch HD+ IPS မျက်နှာပြင်နဲ့ဖြစ်ပြီး Snapdragon 665 SoC ကို 3/4/6GB of RAM တွေနဲ့ တွဲဖက်ပေးထားတာပါ။ သိုလှောင်မှုပမာဏကတော့ 64GB ဖြစ်ပြီး MicroSD နဲ့ ထပ်စိုက်လို့ ရပါသေးတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံစံကင်မရာအိမ်နဲ့အတူ ကင်မရာလေးလုံး တပ်ဆင်ပေးထားပါတယ်။

Nokia 5.3 ရဲ့ ကျောဘက်က အဓိကကင်မရာဟာ 13MP ဖြစ်ပြီး 5MP Ultrawide, 2MP macro နဲ့ 2MP depth ကင်မရာတို့ကို တွဲဖက်ပေးထားတာပါ။ အရှေ့ဘက်မျက်နှာပြင် Notch ထဲက Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ 4,000mAh ဘက်ထရီ တပ်ဆင်ပေးထားပေမယ့် 10W အားသွင်းစနစ်ပဲ ထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းက €189 (မြန်မာငွေ ၂ သိန်း ၉သောင်းဝန်းကျင်) ကစတင်မှာဖြစ်ပြီး Cyan, Sand နဲ့ Charcoal ဆိုပြီး သုံးမျိုးရရှိမှာပါ။

Nokia 1.3 ကတော့ Entry-level ဖြစ်တဲ့အလျောက် 5.71-inch IPS HD+ မျက်နှာပြင်၊ Qualcomm 215 chipset နဲ့ 1GB of RAM ကိုပဲ ရရှိမှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 16GB ဖြစ်ပြီး MicroSD ကတ်နဲ့ 400GB အထိ တိုးချဲ့နိုင်တယ်လို့ သိရပါတယ်။ မျက်နှာပြင်မှာ Notch နဲ့အတူ 5MP selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။

Nokia 1.3 ရဲ့ ကျောဘက်မှာတော့ 8MP ကင်မရာတစ်လုံးပဲ တပ်ဆင်ပေးထားပါတယ်။ Fingerprint Scanner အတွက်လည်း နေရာမရှိပါဘူး။ ဘက်ထရီပမာဏက 3,000mAh ဖြစ်ပြီး 5W အားသွင်းစနစ်ကိုပဲ ထောက်ပံ့ပေးထားတာပါ။ Android 10 Go Edition ဆိုပေမယ့် Android 11 Go Edition ကို ထောက်ပံ့ပေးသွားဦးမယ်လို့ သိရပါတယ်။ Cyan, Charcoal နဲ့ Sand ဆိုပြီး အရောင်သုံးရောင်ရှိသလို ဈေးနှုန်းကတော့ €95 (မြန်မာငွေ ၁သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena