Nokia က အရမ်း ဈေးချိုတဲ့ C01 Plus ကို ကြေညာလိုက်ပြီး ဒီဇိုင်းက Nokia C1 Plus နဲ့ တူပါတယ်။ C01 Plus မှာ Android 11 Go Edition မောင်းနှင်ထားပြီး Dual SIM Support နဲ့ Octa-core CPU တွေ ပါပါတယ်။

Nokia C01 Plus မှာ ၅.၄၅ လက်မ HD+ မျက်နှာပြင်ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးက 18:9 ဖြစ်ပါတယ်။ မျက်နှာပြင် အထက်နဲ့အောက်မှာ ဘောင်တွေပါတာကတော့ ဒိတ်အောက်တဲ့ ဒီဇိုင်းလို့ ပြောရမှာပါ။ မျက်နှာပြင် အထက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ LED Flash တပ်ဆင်ထားပါတယ်။ အောက်က ဘောင်မှာ Nokia Logo ကို ရေးထွင်းထားပါတယ်။ အနောက်ဘက်မှာ 5MP ကင်မရာနဲ့ LED Flash တပ်ဆင်ထားပါတယ်။

Nokia C01 Plus မှာ Unisoc SC09863A Chipset မောင်းနှင်ထားပြီး 1GB RAM ပါပါတယ်။ 16GB Storage ထောက်ပံ့ထားပြီး 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ လက်ဗွေရာအာရုံခံ ကိရိယာတော့ မပါပေမယ့် OS က Facial Recognition ထောက်ပံ့ပေးထားပါတယ်။

Nokia C01 Plus ကို Nokia Russia Online Store မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ခရမ်းနဲ့ အပြာရောင် ရွေးချယ်နိုင်ပါတယ်။ ရူဘယ် ၆,၄၉၀ သတ်မှတ်ထားပြီး ဒေါ်လာ ၉၀ လောက်နဲ့ ညီမျှပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁ သိန်းခွဲလောက်ပဲ ကျသင့်မှာပါ။

Ref : gsmarena