HMD Global ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပြီး အခုလည်း Budget စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Nokia C1 Plus 4G လို့ နာမည်ပေးထားပြီးတော့ Google ရဲ့ Android Go OS ကို အသုံးပြုထားတဲ့ Budget ဖုန်းသစ်တစ်လုံးပဲဖြစ်ပါတယ်။

အဆိုပါ Nokia C1 Plus 4G စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက HMD Global ရဲ့ စျေးအသက်သာဆုံးစမတ်ဖုန်းဖြစ်တဲ့ Nokia C1 ဖုန်းကို အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android Go OS ကိုတော့ Android 11 အစား Android 10 ကိုပဲ အခြေခံထားပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

 

Nokia C1 Plus 4G စမတ်ဖုန်းဟာ 5.45″ HD+ 18:9 Aspect Ratio Display ကို အသုံးပြုထားပြီး ဘေးဘက်နဲ့ အနောက်ဘက်ကိုယ်ထည်ကို Polycarbonate နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အခုလိုမျိုး ပြုလုပ်ထားတဲ့အတွက် ပြုတ်ကျမှုကို ပိုပြီး ခံနိုင်ရည်ရှိမှာဖြစ်ပြီး Nokia Mobile အနေနဲ့လည်း အကြိမ် ၅၀ ခန့် စမ်းသပ်မှုတွေပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Performance ပိုင်းမှာတော့ အမျိုးအမည်ထုတ်ဖော်ပြောကြားထားခြင်းမရှိတဲ့ Quad-Core 1.4GHz Processor ကို အသုံးပြုထားပြီး RAM 1GB နဲ့ 16GB Storage ကို ထည့်သွင်းပေးထားပါတယ်။ Storage ထပ်မံတိုးမြှင့်ဖို့အတွက်လည်း MicroSD Card ကနေ တစ်ဆင့် 128GB အထိ ထပ်မံတိုးချဲ့နိုင်မှာပါ။

Camera အနေနဲ့ကတော့ Back Camera ရော Selfie Camera ကိုပါ Single 5MP Sensor ကိုပဲ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 2500mAh Battery ပါဝင်မှာဖြစ်ပြီး 5W Charging ကိုပဲ Support ပြုလုပ်မှာပါ။ ပုံမှန်မြင်နေကျ Power ၊ Volume Key တွေအပြင် Google Assistant Button ကိုပါ ထည့်သွင်းထားပါသေးတယ်။

Nokia C1 Plus စမတ်ဖုန်းဟာ အရောင်အနေနဲ့ Red နဲ့ Blue ဆိုပြီး ထွက်ရှိလာမှာဖြစ်သလို စျေးနှုန်းအနေနဲ့လည်း €69 (မြန်မာငွေ ၁ သိန်း ၁ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China