GamoraPlus လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Nokia ရဲ့ ဖုန်း ၁ လုံး ပြီးခဲ့တဲ့ ရက်အနည်းငယ်က Geekbench ကနေ ထွက်ပေါ်လာပါတယ်။ အခုတော့ Nokia C3 ဖြစ်တယ်လို့ Benchmark Database မှာတွေ့လာရပြီး Geekbench မှာ Nokic C3 ရဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။

Nokia C3 မှာ Android 10 OS မောင်းနှင်ထားမှာ ဖြစ်ပြီး Octa-core Unisoc SoC ပါလာမှာ ဖြစ်ပါတယ်။ Base Frequency က 1.2GHz ဖြစ်ပြီး 3GB RAM ထည့်ထားမှာပါ။ အရင်သတင်းတွေအရ 2GB RAM Model လည်း ထွက်လာမှာ ဖြစ်ပါတယ်။

Nokia C3 ကို ကုမ္ပဏီက တရားဝင် မပြောသေးပေမယ့် အဲဒီဖုန်းလို့ ထင်ရတဲ့ မော်ဒယ် နံပါတ် TA-1258 ကို မကြာခင်က TENAA မှာ မှတ်ပုံတင်ထားပြီး Specs တချို့ကို သိခဲ့ရပါတယ်။ ၅.၉၉ လက်မ HD+ မျက်နှာပြင်၊ Unisoc SC9863 SoC , 32GB Storage နဲ့ 3,000mAh ဘက်ထရီတွေ ပါလာမှာပါ။ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ပင်မ ကင်မရာတွေ ပါလာမှာ ဖြစ်သလို လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ ထည့်သွင်းထားမှာပါ။ Nokia က တရုတ်မှာ ဩဂုတ်လ ၄ ရက်နေ့ ပွဲ ၁ ခုပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ C3 ကို ကြေညာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် IFA 2020 မှာ ချပြနိုင်ပါတယ်။

Ref : gsmarena