HMD Global ကနေ ပြီးခဲ့တဲ့မတ်လပိုင်းတုန်းက Budget စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Nokia C2 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း တရုတ်နိုင်ငံအတွင်းမှာ နောက်ထပ် C Series အနေနဲ့ Nokia C3 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Nokia C3 စမတ်ဖုန်းဟာ တရုတ်နိုင်ငံရဲ့ Online Shopping Website ဖြစ်တဲ့ Jingdong မှာ စတင်ဖော်ပြထားပြီဖြစ်ပြီး Pre-order ပြုလုပ်နိုင်ပြီလည်းဖြစ်ပါတယ်။ Nokia C3 မှာ Unisoc ကနေထုတ်လုပ်ထားတဲ့ Octa-core 1.2GHz Processor ကို အသုံးပြုထားပြီး RAM 3GB + 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကနေလည်း Storage ကို ထပ်ပြီး တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 5.99″ HD+ LCD DIsplay ကို အသုံးပြုထားပြီး Notch တွေ၊ Punch-hole Design တွေအစား ပုံမှန်ဘောင်တွေကိုပဲ အသုံးပြုထားတာကိုတွေ့ရပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 8MP Back Camera ပါဝင်မှာဖြစ်ပြီး နောက်ဖက်က Back Cover နဲ့ Battery ကိုပါ အလွယ်တကူဖြုတ်လို့ရမှာဖြစ်ပါတယ်။

Nokia C3 စမတ်ဖုန်းဟာ Budget ဖုန်းတစ်လုံးဖြစ်နေပေမယ့် Fingerprint Sensor ကို ဖုန်းရဲ့ နောက်ကျောဘက်မှာထည့်သွင်းထားပါတယ်။ Android 10 ကို အခြေခံထားမှာဖြစ်ပြီး MicroUSB ၊ 3.5mm Audio Jack တွေပါဝင်မှာဖြစ်ပါတယ်။

Nokia C3 ကို Nordic Blue နဲ့ Sand Gold ဆိုပြီး အရောင် ၂ မျိုးနဲ့ မိတ်ဆက်သွားမှာဖြစ်သလို စျေးနှုန်းအနေနဲ့ကတော့ 669 Yuan (မြန်မာငွေ ၁ သိန်း ၃ သောင်း) နဲ့ပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China