Nokia က တန်ဖိုးနည်း ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ C30 က စမတ်ဖုန်း ဖြစ်ပြီး C6310 က Feature ဖုန်း ဖြစ်ပါတယ်။ C30 ဟာ C Series ထဲမှာ မျက်နှာပြင်နဲ့ ဘက်ထရီ အကြီးဆုံး ဖြစ်လာပါတယ်။

C30

C30 မှာ ၆.၈၂ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။ Octa-core Unisoc SC9863A Chipset မောင်းနှင်ထားပြီး 2/32GB , 3/32GB နဲ့ 3/64GB ၃ မျိုးထုတ်လုပ်ပေးထားပါတယ်။ Android 11 Go Edition OS ထည့်သွင်းထားပြီး စွမ်းရည်နိမ့် ဖုန်းတွေမှာ မြန်မြန် အလုပ်လုပ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၉၉ ယူရို သတ်မှတ်ထားပြီး ၁၉၂,၀၀၀ လောက်ပဲ တန်ကြေးရှိပါတယ်။

Nokia C30 and 6310 are official too alongside a bunch of true wireless earbuds

4G ပဲ သုံးလို့ရမှာ ဖြစ်ပြီး 10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး နားကြပ်ပေါက်နဲ့ microUSB Port ထည့်သွင်းထားပါတယ်။

6310

Nokia C30 and 6310 are official too alongside a bunch of true wireless earbuds

6310 မှာ ၂.၈ လက်မ မျက်နှာပြင်ကွေး ပါလာပြီး QVGA Resolution ဖြစ်ပါတယ်။ 1,150mAh ဘက်ထရီ တပ်ဆင်ထားပြီး ရက်သတ္တပတ် အနည်းငယ် အသုံးခံပါတယ်။ Wireless FM Radio , 2G Support ထောက်ပံ့ထားပြီး နားကြပ်ပေါက်နဲ့ microUSB Port ထည့်သွင်းထားပါတယ်။ ထုံးစံအတိုင်း Snake Game နဲ့ Torch ဖန်ရှင်တွေ ပါပါတယ်။ Unisoc 6531F မောင်းနှင်ထားပြီး ၄၀ ယူရို သတ်မှတ်ထားကာ ၇၇,၀၀၀ လောက် တန်ကြေးရှိပါတယ်။

Nokia 6310

Ref : gsmarena