Zawgyi

Nokia ကို HMD Global ကေန ေျပာင္းလဲဦးေဆာင္လာတာ အခုဆိုရင္ ႏွစ္အနည္းငယ္ေတာင္ ၾကာေနျပီပဲျဖစ္ပါတယ္။ ဒီႏွစ္ေတြထဲမွာ Nokia က Mid Range နဲ႔ Entry Device ေတြကို ေသခ်ာထုတ္လာႏုိင္တဲ့အတြက္ နာမည္ျပန္ရလာတယ္ဆုိရင္လည္း မမွားပါဘူး။

အခုအခ်ိန္မွာလည္း Nokia ကေန ေနာက္ထပ္ Mid Range စမတ္ဖုန္း ၂ မ်ိဳးကို လာမယ့္ ၾသဂုတ္လမွာ မိတ္ဆက္သြားဦးမယ္လုိ႔သိရပါတယ္။ ဒီဖုန္း ၂ မ်ိဳးကေတာ့ Nokia 6.2 နဲ႔ 7.2 ဆုိျပီး နာမည္ေပးထားတယ္လုိ႔ သိရပါတယ္။

Nokia ရဲ႕ အခုစမတ္ဖုန္းအသစ္ေတြဟာ ယခင္တုန္းကထြက္ရွိထားျပီးျဖစ္တဲ့ Nokia 6.1 နဲ႔ 7.1 ေတြကို အစားထုိးဝင္ေရာက္လာမွာျဖစ္ပါတယ္။ အဲ့ဒီ Nokia 6.1 နဲ႔ 7.1 ဖုန္းေတြကလည္း Nokia အတြက္ အရမ္းကို ေအာင္ျမင္ခဲ့တဲ့ဖုန္းေတြျဖစ္တဲ့အတြက္ ပိုေကာင္းေအာင္ထုတ္ဖို႔ဆိုတာ Nokia အတြက္ ေတာ္ေတာ္ေလးကိုၾကိဳးစားရမွာပါ။

အေစာပိုင္းတုန္းက Nokia ရဲ႕ ဒီ Mid Range ဖုန္း ၂ ခုက ၾသဂုတ္လကုန္ နဲ႔ စက္တင္ဘာလ အေစာပိုင္းမွာ မိတ္ဆက္လာႏုိင္တယ္ဆုိျပီး သတင္းေတြထြက္ခဲ့ေသးေပမယ့္ Nokiapoweruser ကေန ေနာက္ဆံုးသိရတဲ့သတင္းေတြအရ ၾသဂုတ္လမွာ ထြက္ရွိဖုိ႔မ်ားေနတာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Nokia ကို HMD Global ကနေ ပြောင်းလဲဦးဆောင်လာတာ အခုဆိုရင် နှစ်အနည်းငယ်တောင် ကြာနေပြီပဲဖြစ်ပါတယ်။ ဒီနှစ်တွေထဲမှာ Nokia က Mid Range နဲ့ Entry Device တွေကို သေချာထုတ်လာနိုင်တဲ့အတွက် နာမည်ပြန်ရလာတယ်ဆိုရင်လည်း မမှားပါဘူး။

အခုအချိန်မှာလည်း Nokia ကနေ နောက်ထပ် Mid Range စမတ်ဖုန်း ၂ မျိုးကို လာမယ့် သြဂုတ်လမှာ မိတ်ဆက်သွားဦးမယ်လို့သိရပါတယ်။ ဒီဖုန်း ၂ မျိုးကတော့ Nokia 6.2 နဲ့ 7.2 ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

Nokia ရဲ့ အခုစမတ်ဖုန်းအသစ်တွေဟာ ယခင်တုန်းကထွက်ရှိထားပြီးဖြစ်တဲ့ Nokia 6.1 နဲ့ 7.1 တွေကို အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။ အဲ့ဒီ Nokia 6.1 နဲ့ 7.1 ဖုန်းတွေကလည်း Nokia အတွက် အရမ်းကို အောင်မြင်ခဲ့တဲ့ဖုန်းတွေဖြစ်တဲ့အတွက် ပိုကောင်းအောင်ထုတ်ဖို့ဆိုတာ Nokia အတွက် တော်တော်လေးကိုကြိုးစားရမှာပါ။

အစောပိုင်းတုန်းက Nokia ရဲ့ ဒီ Mid Range ဖုန်း ၂ ခုက သြဂုတ်လကုန် နဲ့ စက်တင်ဘာလ အစောပိုင်းမှာ မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ခဲ့သေးပေမယ့် Nokiapoweruser ကနေ နောက်ဆုံးသိရတဲ့သတင်းတွေအရ သြဂုတ်လမှာ ထွက်ရှိဖို့များနေတာဖြစ်ပါတယ်။

Ref – GSM Arena