[Zawgyi]

ေက်ာဘက္ကင္မရာ ၅ လုံးပါဝင္တဲ့ 9 PureView နဲ႔ စမတ္ဖုန္းႀကိဳးဝိုင္းထဲကို ျပန္ဝင္လာတဲ့ Nokia ဟာ အခုလည္း ေနာက္ထပ္ ကင္မရာဖုန္းတစ္မ်ိဳးကို ထပ္ၿပီးမိတ္ဆက္ဖို႔ လုပ္ကိုင္ေနျပန္ပါတယ္။ 9 PureView တုန္းက ကင္မရာပိုင္းနဲ႔ပတ္သက္ရင္ စိတ္ပ်က္စရာမရွိခဲ့တာေၾကာင့္ အသစ္ထြက္လာမယ့္ Nokia Daredevil ကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ခ်င္စရာ ျဖစ္လာပါတယ္။

Nokia Daredevil ကို ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ေပးထားပါတယ္။ စက္ဝိုင္းပုံစံ ကင္မရာေဘာင္ထဲမွာမွ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္ကို စတုဂံပုံစံေနရာခ်ထားတာေၾကာင့္ အျမင္အားျဖင့္ေတာ့ အေျပာင္းအလဲျဖစ္တယ္လို႔ ဆိုရမွာပါ။ ကင္မရာေဘာင္ရဲ႕ေအာက္မွာလည္း စက္ဝိုင္းပုံစံ လက္ေဗြဖတ္ဆင္ဆာကို တပ္ဆင္ေပးထားပါေသးတယ္။

တကယ္ေတာ့ အခုေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပုံထဲကဖုန္းကို တရားဝင္ နာမည္မေပးရေသးပါဘူး။ ေစာင့္ၾကည့္ခန႔္မွန္းမႈေတြအရ Nokia Daredevil လို႔သာ သတ္မွတ္ေခၚေဝၚေနၾကတာ ျဖစ္ပါတယ္။ အခုအခ်ိန္ထိ ထြက္ေပၚထားတဲ့ အခ်က္အလက္ေတြေပၚမူတည္ၿပီးေျပာရမယ္ဆိုရင္ အဓိကကင္မရာဟာ f/1.8, 48MP ဆင္ဆာနဲ႔ ျဖစ္ပါလိမ့္မယ္။

ကင္မရာ UI ကတစ္ဆင့္ ခန႔္မွန္းႏိုင္တာကေတာ့ က်န္တဲ့အရံကင္မရာႏွစ္လုံးအနက္ တစ္လုံးဟာ Wide-angle ကင္မရာ ျဖစ္တယ္ဆိုတာပါပဲ။ အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Teardrop Notch နဲ႔ ကင္မရာတစ္လုံးပါဝင္တာကိုလည္း ေတြ႕ရပါတယ္။ ေအာက္ေျခမွာ USB-C port ကိုလည္း ေတြ႕ရသလို Google Assistant ကိုရည္ၫႊန္းတဲ့ ခလုတ္ကိုလည္း ေတြ႕ျမင္ႏိုင္ပါတယ္။

လက္ေဗြဖတ္ဆင္ဆာက ေက်ာဘက္မွာရွိေနတာေၾကာင့္ မ်က္ႏွာျပင္ဟာ LCD ပဲျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။ Nokia Daredevil ဟာ Upper-mid-range အမ်ိဳးအစားျဖစ္မယ္လို႔ ခန႔္မွန္းရၿပီး Snapdragon 710 ဒါမွမဟုတ္ Snapdragon 730 Chipset ကို သုံးလာဖြယ္ရွိပါတယ္။ Baidu မွာ ေပၚထြက္ေပါက္ၾကားလာတဲ့ ဒီဓါတ္ပုံေတြကတစ္ဆင့္ အေသးစိတ္အခ်က္အလက္ေတြကိုမသိႏိုင္ေသးတာေၾကာင့္ ေနာက္ထပ္ေပါက္ၾကားမႈကိုပဲ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Nokia Daredevil လို့ယူဆရတဲ့ ကျောဘက်ကင်မရာသုံးလုံးနဲ့ စမတ်ဖုန်းပုံများ ပေါက်ကြားလာ

ကျောဘက်ကင်မရာ ၅ လုံးပါဝင်တဲ့ 9 PureView နဲ့ စမတ်ဖုန်းကြိုးဝိုင်းထဲကို ပြန်ဝင်လာတဲ့ Nokia ဟာ အခုလည်း နောက်ထပ် ကင်မရာဖုန်းတစ်မျိုးကို ထပ်ပြီးမိတ်ဆက်ဖို့ လုပ်ကိုင်နေပြန်ပါတယ်။ 9 PureView တုန်းက ကင်မရာပိုင်းနဲ့ပတ်သက်ရင် စိတ်ပျက်စရာမရှိခဲ့တာကြောင့် အသစ်ထွက်လာမယ့် Nokia Daredevil ကလည်း စိတ်ဝင်တစား စောင့်ကြည့်ချင်စရာ ဖြစ်လာပါတယ်။

Nokia Daredevil ကို ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ပေးထားပါတယ်။ စက်ဝိုင်းပုံစံ ကင်မရာဘောင်ထဲမှာမှ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်ကို စတုဂံပုံစံနေရာချထားတာကြောင့် အမြင်အားဖြင့်တော့ အပြောင်းအလဲဖြစ်တယ်လို့ ဆိုရမှာပါ။ ကင်မရာဘောင်ရဲ့အောက်မှာလည်း စက်ဝိုင်းပုံစံ လက်ဗွေဖတ်ဆင်ဆာကို တပ်ဆင်ပေးထားပါသေးတယ်။

တကယ်တော့ အခုပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံထဲကဖုန်းကို တရားဝင် နာမည်မပေးရသေးပါဘူး။ စောင့်ကြည့်ခန့်မှန်းမှုတွေအရ Nokia Daredevil လို့သာ သတ်မှတ်ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ အခုအချိန်ထိ ထွက်ပေါ်ထားတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးပြောရမယ်ဆိုရင် အဓိကကင်မရာဟာ f/1.8, 48MP ဆင်ဆာနဲ့ ဖြစ်ပါလိမ့်မယ်။

ကင်မရာ UI ကတစ်ဆင့် ခန့်မှန်းနိုင်တာကတော့ ကျန်တဲ့အရံကင်မရာနှစ်လုံးအနက် တစ်လုံးဟာ Wide-angle ကင်မရာ ဖြစ်တယ်ဆိုတာပါပဲ။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Teardrop Notch နဲ့ ကင်မရာတစ်လုံးပါဝင်တာကိုလည်း တွေ့ရပါတယ်။ အောက်ခြေမှာ USB-C port ကိုလည်း တွေ့ရသလို Google Assistant ကိုရည်ညွှန်းတဲ့ ခလုတ်ကိုလည်း တွေ့မြင်နိုင်ပါတယ်။

လက်ဗွေဖတ်ဆင်ဆာက ကျောဘက်မှာရှိနေတာကြောင့် မျက်နှာပြင်ဟာ LCD ပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ Nokia Daredevil ဟာ Upper-mid-range အမျိုးအစားဖြစ်မယ်လို့ ခန့်မှန်းရပြီး Snapdragon 710 ဒါမှမဟုတ် Snapdragon 730 Chipset ကို သုံးလာဖွယ်ရှိပါတယ်။ Baidu မှာ ပေါ်ထွက်ပေါက်ကြားလာတဲ့ ဒီဓါတ်ပုံတွေကတစ်ဆင့် အသေးစိတ်အချက်အလက်တွေကိုမသိနိုင်သေးတာကြောင့် နောက်ထပ်ပေါက်ကြားမှုကိုပဲ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena