Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက Mobile World Congress (MWC) 2018 မှာ Nokia ကနေ ထူးခြားတဲ့ Penta-Camera Setup ကို အသုံးပြုထားတဲ့ Nokia 9 PureView စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Nokia ကနေ Snapdragon 855 Processor ကို အသုံးပြုထားတဲ့ Nokia 9.1 PureView ကို မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေသာထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ မဖြစ်လာခဲ့ပါဘူး။

နောက်ဆုံး ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ Nokia ကနေ အဆိုပါ Nokia 9.1 PureView ကို ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်ထဲမှာ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Nokia ဟာ ဒီ Flagship ဖုန်းကို ထပ်ပြီး အနောက်ကို ရွေ့ဆိုင်းလိုက်ပြန်ပါတယ်။

အခုသိရတဲ့သတင်းအရ Nokia ကနေ Snapdragon 865 Processor ကို ပြောင်းသုံးလာမှာဖြစ်တဲ့အပြင် နာမည်ကိုပါ Nokia 9.2 PureView လို့ ပြောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲမှုတွေကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းမှပဲ မိတ်ဆက်လာတော့မှာပါ။ Snapdragon 865 Processor ကြောင့် Nokia 9.2 PureView စမတ်ဖုန်းက 5G Support လည်းရရှိလာဖို့ များနေပါတယ်။

Nokia ဟာ လာမယ့် MWC 2020 Event မှာတော့ Snapdragon 765G Processor ကို အသုံးပြုထားတဲ့ ပထမဆုံး 5G ဖုန်းကို မိတ်ဆက်သွားဖို့ အတည်ပြုထားပြီးဖြစ်သလို ကြည့်ရတာ အခုနှစ်မှာလည်း Flagship ထက် Mid Range နဲ့ Entry ဖုန်းတွေကိုပဲ အသားပေးသွားဖို့များနေပါတယ်။

မနှစ်တုန်းကတော့ Nokia ကနေ High End Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 7.2 က Popular အဖြစ်ဆုံးဖြစ်ခဲ့ပြီးတော့ အဲ့နောက်မှာမှ Nokia 9 PureView ၊ Nokia 6.2 ၊ 7.1 ၊ 2.2 နဲ့ 4.2 ဖုန်းတွေက ရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက Mobile World Congress (MWC) 2018 မွာ Nokia ကေန ထူးျခားတဲ့ Penta-Camera Setup ကို အသုံးျပဳထားတဲ့ Nokia 9 PureView စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ Nokia ကေန Snapdragon 855 Processor ကို အသုံးျပဳထားတဲ့ Nokia 9.1 PureView ကို မိတ္ဆက္လာမယ္ဆိုၿပီး သတင္းေတြသာထြက္ေပၚခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ မျဖစ္လာခဲ့ပါဘူး။

ေနာက္ဆုံး ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကေတာ့ Nokia ကေန အဆိုပါ Nokia 9.1 PureView ကို ၂၀၂၀ ခုႏွစ္ ဒုတိယ ၃ လပတ္ထဲမွာ မိတ္ဆက္မယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ဆုံးသိရတဲ့သတင္းအရေတာ့ Nokia ဟာ ဒီ Flagship ဖုန္းကို ထပ္ၿပီး အေနာက္ကို ေ႐ြ႕ဆိုင္းလိုက္ျပန္ပါတယ္။

အခုသိရတဲ့သတင္းအရ Nokia ကေန Snapdragon 865 Processor ကို ေျပာင္းသုံးလာမွာျဖစ္တဲ့အျပင္ နာမည္ကိုပါ Nokia 9.2 PureView လို႔ ေျပာင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အခုလို ေျပာင္းလဲမႈေတြေၾကာင့္ ၂၀၂၀ ႏွစ္ကုန္ပိုင္းမွပဲ မိတ္ဆက္လာေတာ့မွာပါ။ Snapdragon 865 Processor ေၾကာင့္ Nokia 9.2 PureView စမတ္ဖုန္းက 5G Support လည္းရရွိလာဖို႔ မ်ားေနပါတယ္။

Nokia ဟာ လာမယ့္ MWC 2020 Event မွာေတာ့ Snapdragon 765G Processor ကို အသုံးျပဳထားတဲ့ ပထမဆုံး 5G ဖုန္းကို မိတ္ဆက္သြားဖို႔ အတည္ျပဳထားၿပီးျဖစ္သလို ၾကည့္ရတာ အခုႏွစ္မွာလည္း Flagship ထက္ Mid Range နဲ႔ Entry ဖုန္းေတြကိုပဲ အသားေပးသြားဖို႔မ်ားေနပါတယ္။

မႏွစ္တုန္းကေတာ့ Nokia ကေန High End Mid Range ဖုန္းတစ္လုံးျဖစ္တဲ့ Nokia 7.2 က Popular အျဖစ္ဆုံးျဖစ္ခဲ့ၿပီးေတာ့ အဲ့ေနာက္မွာမွ Nokia 9 PureView ၊ Nokia 6.2 ၊ 7.1 ၊ 2.2 နဲ႔ 4.2 ဖုန္းေတြက ရွိေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Ref – Gizmo China