Nokia က Audio Accessory တွေထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ RichGo နဲ့ ပူးပေါင်းပြီး နားကြပ်အသစ်တွေကို ကြေညာလိုက်ပါတယ်။ Nokia E3511 ကြိုးမဲ့ နားကြပ်မှာ အရမ်းမိုက်တဲ့ လုပ်ဆောင်ချက်တွေ ပါလာပြီး လူကြီး ၊ လူငယ် မရွေး အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

Nokia E3511 ကြိုးမဲ့ နားကြပ်မှာ Active Noise Cancellation (ANC) ပါလာတဲ့အတွက် အသံအရည်အသွေး ပိုကောင်းစေပါတယ်။ 10mm Drivers တွေက မြင့်မားတဲ့ အသံအရည်အသွေး ထုတ်လုပ်ပေးဖို့ လုံလောက်ပြီး နားကြပ်မှာ Bluetooth 5.2 ဆက်သွယ်မှုနဲ့ တခြား Bluetooth Protocols တွေ ထည့်သွင်းထားတဲ့အတွက် ဖုန်းတွေနဲ့ချိတ်ဆက် အလုပ်လုပ်ရာမှာ ပိုကောင်းပါတယ်။

Nokia E3511 Wireless earbuds

နားကြပ် ၁ ဖက်စီမှာ 45mAh ဘက်ထရီ ၁ လုံးစီ ထည့်သွင်းပေးထားပြီး ANC ပိတ်ထားကာ သီချင်းနားထောင်ရင် ၆ နာရီ ခံပါတယ်။ ANC ဖွင့်ထားရင် ၄ နာရီခွဲအထိ အသုံးခံပါတယ်။ Charging Case က 350mAh ဘက်ထရီနဲ့ပေါင်းလိုက်ရင် ဘက်ထရီ သက်တမ်းဟာ ၂၅ နာရီ ဖြစ်သွားပြီး USB-C Charging ထောက်ပံ့ထားပါတယ်။

E3511 အတွက် ငွေ၊ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ဒီဇိုင်းနဲ့ လိုက်ဖက်ပါတယ်။ ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို Nokia က မပြောသေးပေမယ့် တရုတ်မှာ ရောင်းချမယ်လို့ ထင်ပါတယ်။ Nokia နဲ့ RichGo တို့ ပူးပေါင်းဖန်တီးထားတဲ့ နားကြပ်ဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ အရင်က ပူးပေါင်း ဖန်တီးထားတဲ့ နားကြပ်တွေကိုတော့ အာရှဈေးကွက်မှာပဲ ရောင်းချခဲ့တာပါ။

Ref : gizmochina