Nokia 9 PureView ဟာ ဈေးကွက်ထဲမှာ အထင်ကြီးစရာရလဒ်ကိုမပြနိုင်ခဲ့ဘဲ ကျရှုံးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ HMD Global အတွက် Flagship Nokia တွေ ထုတ်လုပ်ဖို့ အတော်လေးကို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေလို့ ပြောနိုင်ပါတယ်။

Nokia PureView 9.1, 9.2 အဲဒီနောက်မှာတော့ 9.3 စတဲ့ ကောလာဟလတွေ အစဉ်အဆက်ထွက်ခဲ့ပြီးပါပြီ။ ဇာတ်မျောတွေနောက်မှာ ဖြန့်ချိမဲ့အချက်ကို ရွှေ့ဆိုင်းလိုက်တယ်ဆိုတာနဲ့ပဲ ပြီးသွားပြန်တာပါ။ အခုတော့ ကောလာဟလတွေရပ်သွားတဲ့အခြေအနေပါ။ အကြောင်းက Nokia ရဲ့ Flagship နဲ့ပတ်သက်ပြီး HMD ရဲ့ Product Manager က တရားဝင်ဖွင့်ပြောလာလို့ပဲ ဖြစ်ပါတယ်။

HMD ဟာ လာမဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ တရုတ်နိုင်ငံမှာ ကျင်းပမဲ့ Single’s Day ဈေးဝယ်ပွဲတော်ကြီးမှာ 5G Flagship ကို စတင်မိတ်ဆက်ဖို့ ကြိုးစားနေတယ်လို့ ITHome ကဖော်ပြထားပါတယ်။ ဒီသတင်းကို HMD ရဲ့ Product Manger Zhang Yucheng က တရားဝင်ပြောဆိုသွားတာဖြစ်ပါတယ်။ မိတ်ဆက်မဲ့ရက်ကိုပြောခဲ့ပေမယ့် Flagship ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ တစ်စွန်းတစ်စတောင် မပြောသွားခဲ့ပါဘူး။

HMD ရဲ့ Flagship သစ်အကြောင်းကိုပြောမယ်ဆိုရင် X-series အကြောင်းလည်း မေ့ထားလို့မရပါဘူး။ Nokia X50 ဟာ 108MP ကင်မရာနဲ့ Snapdragon 775 chipset ကို ယူဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။ အခြားကောလာဟလတွေအရ အဓိကကင်မရာအတွက် Zeiss optic, telephoto, ultrawide ကင်မရာတွေ ပါဝင်မယ်လို့ သိရပါတယ်။ 6.5-inch 1440p+ မျက်နှာပြင် 120Hz refresh rate လည်း ဖြစ်ပါလိမ့်မယ်။ ဘက်ထရီကတော့ 6,000mAh ဖြစ်ပါတယ်။

Ref: GSM Arena