HMD Global က Nokia G21 စမတ်ဖုန်းကို ကြေညာလိုက်ပြီး အရင်နှစ်ထုတ် G20 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ ဖုန်း အသစ်မှာ ကုမ္ပဏီက မျက်နှာပြင်၊ ကင်မရာနဲ့ ဘက်ထရီတို့ကို အဓိက တိုးတက်အောင် ပြုလုပ်ထားပြီး Nordic Blue နဲ့ Dusk ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ဥရောပမှာ ၁၇၀ ယူရိုနဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၃ သိန်းဝန်းကျင်ပဲ ကျသင့်မှာပါ။

Nokia G21 unveiled with 90Hz LCD, 50MP camera and three day battery life

Nokia G21 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Power Saving Mode မှာ 60Hz ပြောင်းပေးနိုင်ပါတယ်။

Nokia G21 unveiled with 90Hz LCD, 50MP camera and three day battery life

Unisoc T606 Chipset မောင်းနှင်ထားပြီး Mali G75-MP1 Graphics Processor တပ်ဆင်ထားပါတယ်။ 4GB RAM ပါလာပြီး Storage အပိုင်းမှာ 64GB နဲ့ 128GB ၂ မျိုး ရွေးချယ်နိုင်ကာ microSD Card စိုက်နိုင်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Depth ၃ လုံး ထည့်သွင်းထားပြီး Super Resolution နဲ့ Night Mode လို လုပ်ဆောင်ချက်တွေ ပါပါတယ်။

Nokia G21 မှာ Android 11 OS မောင်းနှင်ထားပေမယ့် ကုမ္ပဏီက Android 12 ရမယ်လို့ အတည်ပြုထားပါတယ်။ ဒါတင်မကသေးဘဲ Nokia က အဓိက Android Update ၂ ခု ပေးမယ်လို့ ကတိပေးထားတဲ့အတွက် Android 13 Update လည်း ရရှိမှာပါ။

Nokia G21 မှာ 5,050mAh ဘက်ထရီ ထည့်သွင်းထားပြီး ကုမ္ပဏီက ၁ ခါအားအပြည့်သွင်းထားရင် ၃ ရက်အထိ အသုံးခံတယ်လို့ ပြောပါတယ်။ 18W Fast Charging ထောက်ပံ့ထားပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ပေးထားပါတယ်။

Ref : gizmochina