Nokia ရဲ့ နောက်ထပ် ဈေးတန်တဲ့ 5G စမတ်ဖုန်းက လမ်းကြောင်းပေါ်မှာရောက်နေပြီလို့ ကောလာဟလထွက်ပေါ်လာပါတယ်။ သတင်းထွက်ထားတာက 5G ဟန်းဆက် နှစ်မျိုးဆိုပေမဲ့ အခုလက်ရှိမှာတော့ တစ်မျိုးအကြောင်းကိုပဲ သိရသေးပါတယ်။ အဲဒါကတော့ Nokia G300 5G ပါပဲ။

Nokia G300 5G ဟာ G50 မှာသုံးခဲ့တဲ့ Snapdragon 480 ကိုပဲ သုံးလာမယ်လို့ ဆိုပါတယ်။ HMD Global ဟာ Nokia G30 ကို မထုတ်ခဲ့တာကြောင့် ဒါဟာ နောက်ဆက်တွဲလည်းမဖြစ်နိုင်သလို၊ G20 ကိုအဆင့်မြှင့်ထားတာလို့လည်း မဆိုနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် G300 5G မှာ ပိုပြီးအစွမ်းထက်တဲ့ Chipset ကို သုံးထားပြီး 5G ကွန်ရက်ချိတ်ဆက်မှုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Nokia G300 5G ဟာ 6.57-inch LCD မျက်နှာပြင်၊ 720 x 1600 px resolution နဲ့ (20:9 aspect ratio) ရှိပါတယ်။ ဒါကြောင့် 6.52-inch ရှိတဲ့ G20 နဲ့ အတူတူလို့ပြောနိုင်ပြီး၊ 6.82-inch ရှိတဲ့ G50 ထက် မသိမသာလေး သေးငယ်နေမှာ ဖြစ်ပါတယ်။ ကင်မရာတွေကတော့ 16MP အဓိကကင်မရာ၊ 5MP ultrawide နဲ့ 2MP depth sensor တွေ ပါဝင်မယ်လို့ သိရပါတယ်။ Selfie ကင်မရာကတော့ 8MP လို့ ဆိုပါတယ်။ G50 နဲ့ G20 တို့မှာတော့ 48MP တွေနဲ့ ဖြစ်ပါတယ်။

ဘက်ထရီပမာဏကတော့ 4,470mAh Li-ion cell ဖြစ်တာကြောင့် သင့်တင့်တဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ G50 မှာလို 18W အမြန်အားသွင်းစနစ် ထောက်ပံ့လာမယ်၊ မလာဘူးဆိုတာတော့ မသိရသေးပါဘူး။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး microSD နဲ့ 1TB အထိ တိုးချဲ့နိုင်လိမ့်မယ်လို့ သိရပါတယ်။ G300 5G ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပေမဲ့ ယူယိုငွေ ၁၆၀ ကနေ ၂၀၇ ကြားရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ HMD ရဲ့လာမဲ့ October 6 event မှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena