HMD Global ဟာ အခုနောက်ပိုင်းမှာ Nokia Brand နာမည်နဲ့ Mid Range စမတ်ဖုန်းတွေကို အများအပြားမိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း စျေးသက်သာတဲ့ 5G စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Nokia G300 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Nokia G300 ဟာ Processor ပိုင်းမှာ Qualcomm Snapdragon 480 Chipset ကို အသုံးပြုထားတာကြောင့် 5G Network ကို Support ပေးနိုင်ပြီဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း အဆင်ပြေစေမှာပါ။ RAM အနေနဲ့ကတော့ 4GB ပါဝင်မှာဖြစ်ပြီး 64GB Internal Storage ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်တိုးချင်တယ်ဆိုရင်လည်း 1TB MicroSD Card အထိ အသုံးပြုနိုင်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.57″ HD+ LCD Display ကို အသုံးပြုထားပြီး Screen-to-Body-Ratio ကလည်း 20:9 Aspect Ratio နဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။ Selfie Camera ကိုတော့ V-shaped Notch ကိုမှ 8MP Sensor ကို ထည့်သွင်းပေးထားပါတယ်။

Camera Setup အနေနဲ့ကတော့ 16MP Primary Camera ၊ 5MP Ultrawide နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုပေးထားပါတယ်။ Nokia G300 စမတ်ဖုန်းဟာ Electronic Image Stabilization (EIS) အပြင် Night Mode ကိုပါ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် တခြားသော Budget နဲ့ Mid Range ဖုန်းတွေထက်တော့ အားသာမှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ Android 11 OS ကို အသုံးပြုထားမှာဖြစ်ပြီး Battery အနေနဲ့ကတော့ 4470mAh ကိုမှ Fast Charging Support ပေးထားတယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Nokia G300 စမတ်ဖုန်းဟာ $200 ကျသင့်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့ကြရင် US မှာ တရားဝင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China