HMD Global က အိန္ဒိယမှာ ဖုန်း အသစ် ၂ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Nokia Mobile India အကောင့်က တင်ထားတဲ့ Teaser Video မှာ ဖုန်း ၂ လုံးရဲ့ ကိုယ်ထည် ဒီဇိုင်းကို ပြသထားပြီး ၁ လုံးက Feature ဖုန်းနဲ့ နောက် ၁ လုံးက စမတ်ဖုန်း ဖြစ်ပါတယ်။

HMD Global ရဲ့ Chief Product Officer ဖြစ်သူ Juho Sarvikas ကလည်း တွစ်တာမှာ Teaser Video ၁ ခုကို တင်လိုက်ပြီး အဲဒီ ဖုန်း ၂ လုံးရဲ့ ဒီဇိုင်းတွေကို မြင်ရပါတယ်။  စမတ်ဖုန်းဟာ မကြာခင်က ပေါက်ကြားလာတဲ့ Nokia C3 ဖြစ်နိုင်ပြီး Video က ကိုယ်ထည် ဒီဇိုင်းနဲ့ တူညီနေပါတယ်။ Feature ဖုန်း နာမည်ကိုတော့ မသိရသေးပေမယ့် 4G ဖုန်း ဖြစ်နိုင်ပါတယ်။

Nokia C3 ဟာ စွမ်းရည်နိမ့် ဖုန်း ဖြစ်ပြီး ဒီလ အစောပိုင်းက တရုတ်မှာ ကြေညာထားပြီးပါပြီ။ ၅.၉၉ လက်မ HD+ မျက်နှာပြင်၊ UNISOC Processor ၊ 3GB RAM နဲ့ 32GB Storage တွေထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးထဲပါလာပြီး LED Flash နဲ့ တွဲဖက်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ 3040mAh ဘက်ထရီနဲ့ microUSB Port ထောက်ပံ့ထားပါတယ်။ HMD Global ဟာ နောက် ၁ ပတ်မှာ Nokia 5.3 အပါအဝင် ထုတ်ကုန် အသစ် ၃ မျိုးကို ကြေညာမှာပါ။

Ref : gizmochina