HMD Global က Nokia Brand နားကြပ် အသစ် ၂ ခုကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ ၁ ခုက Truly Wireless အမျိုးအစား ဖြစ်ပြီး နောက် ၁ ခုက Wired အမျိုးအစား ဖြစ်ပါတယ်။ Nokia Lite Earbuds နဲ့ Nokia Wired Buds လို့ အသီးသီး နာမည်ပေးထားပြီး အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။

Nokia Lite Earbuds 

Nokia Lite Earbuds (aka BH-205) ဟာ ဈေးချိုတဲ့ TWS နားကြပ် ဖြစ်ပါတယ်။ ၂,၇၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၆၇,၀၀၀ လောက်ပဲ တန်ကြေးရှိပါတယ်။ Nokia ရဲ့ တရားဝင် Website ကနေ ရောင်းချပေးနေပြီ ဖြစ်ပြီး Charcoal အရောင် ၁ မျိုးထဲ ရောင်းချပေးထားပါတယ်။

okia Lite Earbuds BH-205 Charcoal

နားကြပ်မှာ 6mm Drivers ထည့်သွင်းထားပြီး Bluetooth 5.0 ဆက်သွယ်မှုကို အသုံးပြုထားပါတယ်။ Frequency Range က 20Hz-20KHz အတွင်း ရှိပြီး Touch Gesture Controls တွေကို ထောက်ပံ့ထားပါတယ်။

ဘက်ထရီ အခြေအနေကို ပြသပေးတဲ့ LED Indicators ကို Charging Case မှာ ပြသထားပြီး USB Type-C Port ကနေ အားသွင်းနိုင်ပါတယ်။ Nokia က ၁ ခါအားအပြည့်သွင်းထားရင် ၃၆ နာရီကြာ သီချင်းနားထောင်နိုင်တယ်လို့ ပြောပါတယ်။

Nokia Wired Buds

နာမည်အတိုင်းပဲ Nokia Wired Buds ဟာ သမားရိုးကျ ကြိုးတပ် နားကြပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် Website မှာ ၂၉၉ ရူပီးနဲ့ ရောင်းချပေးနေပြီ ဖြစ်ပြီး မြန်မာငွေ ၇,၀၀၀ ကျော်ပဲ ရှိပါတယ်။ Blue, Red , White နဲ့ Black အရောင် ၄ မျိုး ရွေးချယ်နိုင်ပါတယ်။

Nokia Wired Buds Red

ဈေးအရမ်းချိုတဲ့ ကြိုးတပ် နားကြပ်မှာ 9.4mm Drivers ထည့်သွင်းထားပြီး နားကြပ်ကြိုးမှာ မိုက်ကရိုဖုန်း ၁ လုံး တပ်ဆင်ပေးထားပါတယ်။ Multi-function ခလုတ် ၁ ခု ပါလာပြီး 3.5mm Connector ကို အသုံးပြုထားပါတယ်။

Ref : gizmochina