Nokia ဟာ တရုတ် ကုမ္ပဏီ RichGo နဲ့ ပူးပေါင်းကာ အဲဒီမှာ Nokia နားကြပ်တွေကို ထုတ်လုပ်ရောင်းချမယ်လို့ ဒီနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။ တရုတ်မှာ  နားကြပ် အနည်းငယ်ကို ရောင်းချပြီးနောက်မှာ Nokia က Pro True Wireless Earphones or Nokia P3802A ကို ရောင်းချပေးလိုက်ပါတယ်။

Latest Nokia Pro True Wireless Earphones (P3802A) coming with ANC | Nokiamob

အဲဒီ နားကြပ်ဟာ မူလ မော်ဒယ်နဲ့ တူညီတယ်လို့ ထင်ရပြီး ၁ ခုထဲသော ကွာခြားချက်က Active Noise Cancellation လုပ်ဆောင်ချက် ပါလာတာပါ။ တရုတ်မှာ ၄၉၉ ယွမ်နဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး မြန်မာငွေ ၉ သောင်း ၇ ထောင်လောက် ကျသင့်ပါတယ်။

Nokia Pro True Wireless Earphones မှာ ဖုန်းပြောချိန် မလိုလားအပ်တဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးဖို့နဲ့ အသံကြည်လင်ပြတ်သားစေဖို့ မိုက်ကရိုဖုန်း ၆ လုံး ထည့်သွင်းထားပါတယ်။ Active Noise Cancellation လုပ်ဆောင်ချက်ကို AI က ထောက်ပံ့ပေးထားပါတယ်။ 12.5mm Dynamic Driver ထည့်သွင်းထားပြီး အသံတွေ အသေးစိတ်ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

Google Assistant နဲ့ Siri တို့လို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပြီး တည်နေရာ မေးတာ၊ ဖုန်းခေါ်တာတွေ ပြုလုပ်နိုင်ပါတယ်။ IPX5 စံနှုန်း ရှိပြီး ချွေးနဲ့ ဖုန်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 720mAh ဘက်ထရီ ပါလာပြီး ၁ ခါအားအပြည့်သွင်းထားရင် ၃၅ နာရီလောက် သီချင်း နားထောင်နိုင်ပါတယ်။

Ref : gizmochina